အခန်း(၃၅၆)

67 13 0
                                    

အခန်း(၃၅၆)

ချင်ဝမ်က အဆိုးဆုံးပဲ (၂)





ကောင်းကင်တမျှ မြင့်မားသော ဈေးနှုန်းဖြစ်သည့် ငွေချောင်း ၂,၀၀၀,၀၀၀ဖြင့် တတိယဆေးဝါးအား တူသုံးချက် ရိုက်ကာ တော်ဝင်ဦးလေးအိမ်တော် တတိယသခင်လေး Li Leyuan ထံရောင်းချလိုက်တော့သည်။

ယခုအချိန်တွင် ပစ္စည်းသုံးမျိုးလုံးအား ရောင်းချ ပြီးသွားပြီ ဖြစ်သည်။ ယခုအချိန်တွင် လေလံပွဲမှာ ပြီးဆုံးပြီ ဖြစ်သော်လည်း မည်သူမှ ဤမျှ မြန်ဆန်စွာ ပြီးဆုံးသွားမည်ဟု မထင်မှတ်ထားပေ။ ၎င်းမှာ တစ်နာရီပင် မကြာသေးချေ။ Li Leyuan မှာ သူ၏ ထိုင်ခုံသို့ ခပ်သွက်သွက် ပြန်လျှောက်လာသည်။ ယခုအချိန်အထိ သူက ရူးမိုက်စွာ ပြုမူခဲ့ကြောင်း နားမလည်သေးပေ။ သို့တိုင် လူအုပ်ထဲရှိ ထက်မြက်သောလူများမှာ နားလည်နေသည်။ စစ်သူကြီး Baili မှာ စိတ်အားထက်သန်စွာ လေလံဆွဲခဲ့ခြင်း မဟုတ်ပဲ ရိုးရှင်းစွာပင် ဈေးတင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူက မဖျက်ဆီးလိုက်လျှင် အိမ်ရှေ့စံမှာ တတိယပစ္စည်းအား ငွေချောင်း ၁,၅၀၀,၀၀၀ ဖြင့် ယူသွားနိုင်မည် ဖြစ်သည်။ သို့တိုင် သူ၏ အားထုတ်မှု ကျေးဇူးဖြင့် Li Leyuan ၏ ဦးနှောက်မဲ့စွာ လေလံဆွဲမှုကြောင့် ယခုအချိန်တွင် တော်ဝင်ဦးလေးအိမ်တော်မှာ မူလလေလံထက် ငွေချောင်း ၁,၈၅၀,၀၀၀ ပို၍ ပေးချေရတော့မည်။ ၎င်းမှာ နည်းပါးသော ပမာဏမဟုတ်ပေ။ တော်ဝင်ဦးလေးမှာ စုစုပေါင်းအား ကြားသည်နှင့် စိတ်ဆိုးဒေါသထွက်လွန်း၍ သေဆုံးသွားနိုင်မည်လော။ မည်သို့ပင်ဖြစ်စေ လူအုပ်ထဲတွင် ဝမ်းသာကာ ထိတ်လန့်နေသော အဖွဲ့များ ရှိနေသည်။

Li Leyuan မှာ ၎င်းအား ကိစ္စကြီးဟု သတ်မှတ်မထားပေ။ သူက သိထားရသလောက် ဖခင်ဖြစ်သူတွင် ငွေကြေးများစွာ ရှိနေသည်။ သူက ကိန်းဂဏန်း အတိအကျ မသိသော်လည်း သူတို့က တတ်နိုင်သင့်သည်။ Long Tianmo နှင့် Qinwang Rong တို့၏ မျက်နှာမှာ ပြာပုံတမျှ ဖြူဆုတ်နေပြီ ဖြစ်သည်။ Mu Qingwu မှာ အမှန်တကယ်ပင် ရယ်မောချင်နေသော်လည်း မျက်နှာတည်ထားရန် ကိုယ့်ကိုကိုယ် ဖိအားပေးထားရသည်။ ထိုစဉ် Mu Liuyue မှာ သူ၏ နောက်တွင် မှင်သက်နေသည်။ သူမက မထိန်းချုပ်နိုင်ပဲ တော်ဝင်ဦးလေးအိမ်တော်မှာ ထိုမျှလောက် ကြွယ်ဝသည်လားဟု စဉ်းစားနေမိသည်။ လူအချို့မှာမူ သက်တောင့်သက်သာဖြင့် လက်ဖက်ရည်သောက်နေသော ချင်ဝမ်အား ခိုးကြည့်လိုက်သည်။ သူတို့က မြင်ကွင်းကြောင့် မထိန်းချုပ်နိုင်ပဲ တုန်ရင်သွားကြရတော့သည်။ အဆုံးတွင် စစ်သူကြီး Baili မှ ပြုမူခဲ့သမျှမှာ ထိုအေးစက်လွန်းသည့် ဦးရီးတော်၏ ညွှန်ကြားချက်ဖြစ်နေသည်။ အခန်းထဲတွင် အတည်ငြိမ်ဆုံး အမျိုးသားမှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now