အခန်း(၂၅၃)

87 17 0
                                    

အခန်း(၂၅၃)

သူက ဝန်ခံတယ်။





Long Feiye မှ Gu Qishao အား တိုက်ခိုက်ရန် ပြင်လိုက်စဉ် Han Yunxi ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။ “ Tang Li ကျွန်မကို အပင်သုံးမျိုး မြန်မြန်ရှာပေး။ ဗုဒ္ဓလက်ဖက်ပင်၊ သုံးပြည်နယ်ပန်းပွင့်၊ အစိမ်းရောင်ကြိမ်စေ့။ ဆေးဝါးမြို့တော်နဲ့ ဆေးမိစ္ဆာတောင်ကြားက  မြန်မြန်သွားရှာလာခဲ့။ မြန်မြန်..။”

ပြောရင်းဆိုရင်း သူမ Gu Qishao အား အာရုံစိုက်နေခြင်းအား ရပ်တန့်လိုက်ကာ အပြည့်အဝပင် လျစ်လျူရှုထားလိုက်သည်။ သူမက Long Feiye အတွက် အပ်အများအပြားအား ထုတ်ယူလိုက်သည်။

“စိတ်မပူနဲ့။ Tang Li ပြန်ရောက်လာတဲ့အထိ ကျွန်မက ရှင့်ကို သေချာပေါက် ကာကွယ်ပေးမယ်။" သူမက အလေးအနက် ပြောလိုက်သည်။ သူမ၏ အသံမှာ ရှိနေသည့်လူများအားလုံးမှ ကြားနိုင်သည်အထိ ကျယ်လောင်နေသည်။ ဤသည်မှာ တစ်စုံတစ်ယောက်မှ သူ့အား စိတ်မပူနဲ့ ဟု ပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ တစ်စုံတစ်ယောက်မှာ သူ့အား ကာကွယ်ပေးမည်ဟု ပြောခြင်း ဖြစ်လေသည်။ သူက Han Yunxi အား အမျိုးသမီးတစ်ယောက်မှ သူ့အား ကာကွယ်ပေးရန် မလိုအပ်ဘူး ဟု အမှန်တကယ်ပင် ပြောချင်သော်လည်း သူက တိတ်ဆိတ်စွာပင် ဓါးကိုင်ထားသည့် လက်အား နောက်ဆုတ်လိုက်ရင်း အမှန်တကယ်ပင် ခေါင်းငြိမ့်လိုက်သည်။

သူက တုံ့ပြန်လိုက်ချိန်တွင် သူ၏ အသံမှာ သုံးဆလောက် ပို၍ နူးညံ့လာသည်။ “ကောင်းပြီ။"

Han Yunxi မှာ အဆိပ်တည်နေရာအား နောက်တစ်ကြိမ် အတည်ပြုလိုက်ပြီး အပ်များစတင် အသုံးပြုလိုက်သည်။ Gu Qishao ၏ စွဲမက်ဖွယ်အပြုံးမှာလည်း တဖြည်းဖြည်း မှေးမိန်သွားသည်။ သူက Han Yunxi မှ အပ်စိုက်ရန် ပြင်ဆင်နေသည်အား အချိန်အတော်ကြာ ကြည့်ကာ တောင့်တင်းနေသည်။

“အဆိပ်ကောင်မလေး..” သူက ကြိုးစားလိုက်သည်။ Han Yunxi မှ သူ့အား လျစ်လျူရှုထားလျှင် ရုတ်တရက် အော်လိုက်သည်။ “ဟေး.. အဆိပ်ကောင်မလေး..” ကံမကောင်းစွာဖြင့် Han Yunxi ၏ မျက်လုံးများတွင် ပါးနပ်မှုတစ်ချို့က ဖြတ်ပြေးသွားပြီး သူ့အား ဆက်လက်လျစ်လျူရှုထားသည်။  Gu Qishao မှာ Han Yunxi မှ သူတို့၏ ဆက်ဆံရေးမှာ ပြီးဆုံးသွားပြီဟု ဆိုခဲ့ခြင်းအား သတိရသွားလျှင် စိုးရိမ်သွားတော့သည်။ ဒုတိယအကြိမ်ပင် မစဉ်းစားတော့ပဲ သူက ချက်ချင်းပင် အဆိပ်ဖြေဆေးသုံးမျိုးအား ထုတ်ယူကာ ပစ်ပေးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now