အခန်း(၂၆၆)

85 13 0
                                    

အခန်း(၂၆၆)

သူမ၏ ရှေ့တွင်....





လူအုပ်က ခွဲသွားသည်နှင့် Han Yunxi မှာ သူမ၏ ရှေ့တွင် အရပ်မြင့်မားကာ အုပ်မိုးထားသည့် ပုံရိပ်တစ်ခုအား တွေ့လိုက်ရကာ တုန်ရင်သွားသည်။

အဲ့တာသူပဲ.. Long Feiye .....

သူမက မယုံကြည်နိုင်ပဲ အတွေးတစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားသည်။ သူမက သူ့အား အချိန်အတော်ကြာ ငေးကြည့်နေပြီးမှ နှုတ်ခမ်းများမှာ လှောင်ရယ်နေဟန်ဖြင့် ကွေးညွှတ်သွားသည်။ သူမက အိပ်မက်ထဲမှာ သတိလက်လွတ်ဖြစ်နေတုန်းပဲ ဖြစ်ရမယ်။ မဟုတ်ရင် အဲ့ဒီရင်းနှီးတဲ့ ပုံရိပ်က ဘာလို့ လူကြားထဲမှာ ပေါ်လာမှာလဲ။ သူက ဒီဒုက္ခတွေ အကုန်လုံးကို ရှောင်တိမ်းနေချင်တဲ့သူပဲ။ သူမ နှလုံးသားက သူ့ကို တကယ်ပဲ လက်မလျော့နိုင်သေးဘူးလား။ ဒါကြောင့် သူမက သူ့ကို မြင်ယောင်နေမိတာလား။ Han Yunxi မှာ ထိုအတွေးများအား ဆက်လက်၍ မတွေးဝံ့တော့ပေ။ သူမက သူ့အား အဝေးမှ ကြည့်နေပြီး မလှုပ်မယှက်ရပ်နေသည်။ သူမ၏ တစ်စိတ်တစ်ပိုင်းမှာ ဤအိပ်မက်မှ နိုးထလာတာ ရှေ့သို့ အလျင်အမြန် သွားစေချင်နေသော်လည်း အခြားတစ်ပိုင်းမှာမူ နိုးထလာပြီးနောက် ထိုပုံရိပ်မှာ ပျောက်ကွယ်သွားမည်အား စိုးရိမ်နေသည်။

Long Feiye .. ရှင်ကပဲ မလှုပ်ရှားပဲ ရပ်တန့်နေရင်ကော ဘယ်လိုလဲ။ အဲ့ဒီနေရာမှာပဲ ကမ္ဘာအဆုံးသတ်သွားတဲ့အထိ ရပ်နေပေးနိုင်မလား။

Long Feiye မှာ Han Yunxi အား မြင်ရသည်နှင့် ခြေလှမ်းကျယ်ကြီးများဖြင့် ရှေ့တိုးလာသည်။ သူ၏ ပုံမှန် အမူအရာကင်းမဲ့သော မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ သို့သော် လျင်မြန်စွာပင် သူ့ကိုယ်သူ ရပ်တန့်ရန် ဖိအားပေးလိုက်သည်။ သူက အလျင်စလိုပြေးသွားက ထိုအမျိုးသမီးအား သူ၏ ရင်ခွင်ထဲသို့ ဆွဲယူရန် ဤမျှ နီးကပ်နေပြီ ဖြစ်သော်လည်း သူမပုခုံးပေါ်မှ လွှမ်းခြုံထားသည့် အဖြူရောင်ဝတ်ရုံအား သတိပြုမိနိုင်ဆဲ ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ၎င်းတို့မှာ အဖြူဝတ်အမျိုးသား၏ အပြင်ဝတ်ရုံမှန်း သူက သတိပြုနိုင်သည်။ Jun Yixie မှာ ဒဏ်ရာရနေသော်လည်း Han Yunxi မှာ သူမတစ်ယောက်တည်းဖြင့် ထိုသူအား အနိုင်ယူရန် မဖြစ်နိုင်ပေ။ အကယ်၍ သူမအား သူ၏ လူများမှ သို့မဟုတ် ဆေးပညာသင်တန်းကျောင်းမှ အင်အားစုများမှ ကယ်တင်ခဲ့လျှင် သတင်းမှာ စောစီးစွာ ရောက်ရှိလာမည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now