အခန်း(၃၀၂)

80 17 0
                                    

အခန်း(၃၀၂)

အတွေးလွန်နေခြင်းလား။





တော်ဝင်အကျဉ်းထောင်မှ Long Feiye ၏ အပြုအမူနှင့် ဆေးမြို့တော်မှ အပြုအမူများမှာ အခြေခံအားဖြင့် ဧကရာဇ် Taihui အား ကြီးမားစွာ အရူးလုပ်လိုက်ခြင်းဖြစ်သည်။ ယခုအချိန်တွင် Long Tianmo ဖြင့် သူ၏ အကြံအစည်မှာ ကျရှုံးသွားပြီ ဖြစ်သဖြင့် ဧကရာဇ် Taihui မှာ အဘယ်ကြောင့် ငြိမ်သက်စွာ ထိုင်နေနိုင်ပါမည်နည်း။ Long Feiye နှင့် Han Yunxi မှ ပြန်ရောက်လာသည့် သတင်းကြားသည်နှင့်  သူက နန်းတော်သို့ ဆင့်ခေါ်တော့သည်။ ယခုပင် Xueကုန်းကုန်းမှာ သူတို့၏ တံခါးသို့ မြင်းလှည်းဖြင့် ရောက်လာသည်။

Gu Beiyue ၏ မေးခွန်းမှာ Long Feiye မှ ဤနေရာတွင် ရှိမနေကြောင်း  Han Yunxi မှာ သတိရသွားတော့သည်။ သူမက နန်းတော်သို့ ကိုယ်တိုင်သွားလျှင် ကောင်းကျိုးမရှိနိုင်ပေ။

“Zhao မားမား.. ဝမ်ရယ်က ပြန်လာဖို့ အစီအစဉ်ရှိလားဆိုတာ သွားမေးပေးပါ။" Han Yunxi မှာ အမိန့်ပေးလိုက်သည်။

သို့တိုင် Zhaoမားမားမှာ အကူအညီမဲ့နေဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။  “Chu Xifeng ကလည်း ဒီမှာမရှိဘူး။  အိမ်တော်က တစ်ယောက်မှ မသိလောက်ဘူးနဲ့တူတယ်။"

“ဒါဆိုလည်း ဆိတ်ငြိမ်ခြံဝန်းနဲ့ လျှို့ဝှက်အဆောင်ကို တစ်ယောက်ယောက် လွှတ်ပြီး ရှာပေးပါ။" ၎င်းမှာ ထျန်းနင်တွင် ရှိနေသည့် Long Feiye ၏ လျှို့ဝှက်အဆောက်အအုံ နှစ်နေရာဖြစ်သည်။  မြို့တော်တွင် သူ၏ အချိန်အများစုမှာ ထိုနေရာနှစ်ခုတွင်သာ ကုန်ဆုံးခြင်းဖြစ်သည်။ Zhao မားမားမှာ မူလက နန်းတော်မှ အစေခံတစ်ယောက်ဖြစ်ခဲ့သဖြင့် အခြေအနေ၏ ပြင်းထန်မှုအား နားလည်ထားသည်။ သူမက လျင်မြန်စွာပင် လူလွှတ်ကာ ရှာဖွေစေခဲ့သော်လည်း ထိုနေရာနှစ်ခုလုံးတွင်လည်း ချင်ဝမ်မှ ရှိမနေကြောင်းသာ ပြောလာကြသည်။ သူက နေ့လည်စာစားပြီးနောက် မြို့တော်မှ ထွက်သွားခဲ့သည်။

လက်ဖက်ရည်တစ်ခွက်နှပ်စာ ကုန်ပြီးချိန်တွင် Xueကုန်းကုန်းမှာ စိတ်မရှည် ဖြစ်လာတော့သည်။ သူက သည်းမခံနိုင်ပဲ လောဆော်လိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး စောင့်နေတာက အဖြေမဟုတ်ပါဘူး။ နန်းတော်ကို အရင်သွားရအောင်ပါ။ ဧကရာဇ်မင်းမြတ်က စောင့်နေပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now