အခန်း(၃၃၃)

73 15 0
                                    

အခန်း(၃၃၃)

သူမ မသိသော အရာများစွာ။





အသေးလေးက ဘယ်လို ရည်ရွယ်ချက်နဲ့ Gu Beiyue ကို လာရှာတာလဲ။

အသေးလေးမှာ Gu Beiyue ၏ စကားအား နားမလည်သော်လည်း သူ၏ စကားသံအား သဘောကျသောကြောင့် အလေးအနက်နားထောင်နေသည်။ Gu Beiyue မှာ အသေးလေး၏ မေးစေ့အား ပွတ်သပ်ပေးနေလျှင် အသေးလေးမှာ ရယ်မြူးနေတော့သည်။ သို့တိုင် သူက အရေးကြီးသော ကိစ္စအား မမေ့သေးပေ။ မကြာခင် အသေးလေးမှာ Gu Beiyue ၏ လက်ဖဝါးပေါ်မှ အခန်းထောင့်ရှိ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ Gu Beiyue ၏ တည်ငြိမ်သော အမူအရာမှာ မြင်ကွင်းကြောင့် အံ့အားသင့်သွားတော့သည်။

“ညယံလမင်းပုလဲ..”

အဲ့တာက မွေးနေ့စားပွဲမှာ Qinwang Rong က မယ်တော်ကြီးကို ဆက်သခဲ့တာ မဟုတ်ဘူးလား။ လတ်တလောတွင် မယ်တော်ကြီးမှာ သူမ၏ လက်ဆောင်များ ပျောက်ဆုံးမှုကြောင့် အကြိမ်ပေါင်းမနဲ ဒေါသထွက်နေရသည်။ အတွင်းနန်းဆောင်တစ်ခုလုံးမှာလည်း ကျီစားလန့်စား ဖြစ်နေကြသည်။ အသေးလေးမှာ တရားခံဖြစ်နေမည်ဟု သူက မထင်မှတ်ထားပေ။ သူက ဘာလို့ ဒီမှာ ညယံလမင်းပုလဲကို အန်ပေးရတာလဲ…

Gu Beiyue မှာ ထူးခြားမှုအား ပဟေဌိဖြစ်နေစဉ် အသေးလေးမှာ နောက်ထပ် ပစ္စည်းလေးမျိုးအား ဆက်တိုက် အန်ထုတ်လိုက်ပြန်သည်။ ၎င်းမှာ အိမ်ရှေ့စံ၏ သွေးလင်ဇီးမှို၊ ရာထူးခန့်အပ်ရေး တရားသူကြီး၏ နှစ်တစ်ထောင် Knotweed [T/N knotweed:::  smartened or buckweedလို့ အသိများတဲ့ ပန်းပွင့်ပင်တစ်မျိုးပါ။ ]၊ မြို့ဝန် Pingnan ၏ ခရမ်းရောင် နွေရာသီပန်းပွင့်၊ စစ်သူကြီးNing မှ သူ၏ ပျက်ကွက်မှုအတွက် တစ်စုံတစ်ယောက်ဖြင့် ဆက်သလိုက်သော ရာစုနှစ်ကင်းမှီးကောက်မြီး တို့ပင်။ ညယံလမင်းပုလဲပြီးလျှင် ကျန်ဆေးဝါးလေးမျိုးမှာ မယ်တော်ကြီး၏ တန်ဖိုးအကြီးဆုံး မွေးနေ့လက်ဆောင်များဖြစ်သည်။ အသေးလေး၏ ပိုင်းခြားသိမြင်နိုင်စွမ်းမှာ အဆိပ်သားရဲဟူသော အဆင့်အတန်းနှင့် ထိုက်တန်လှသည်။

မယ်တော်ကြီး၏ ပျောက်ဆုံးနေသော ရတနာများအား မြင်လျှင် မည်သူမဆို ထိတ်လန့်သွားနိုင်သော်လည်း Gu Beiyue မှာမူ သိချင်စိတ်များ ပေါ်လာရုံမှ လွဲ၍ အတော်လေး တည်ငြိမ်လှသည်။ သူက ရတနာအမျိုးမျိုးအား ကောက်ယူကာ ဂရုတစိုက် စစ်ဆေးလိုက်သည်။ အသေးလေးမှာ ပါးစပ်မှ အန်ပေးလာသော်လည်း ရတနာတစ်ခုစီမှာ သန့်ရှင်းနေဆဲပင်။ အသေးလေးမှာ လက်ဖဝါးများ ဝှေ့ယမ်းကာ ခုန်ပေါက်နေရင်း Gu Beiyue အား လက်ဆောင်များအတွက် ဂုဏ်ပြုပေးစေချင်ဟန်တူသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version حيث تعيش القصص. اكتشف الآن