အခန်း(၂၇၈)

83 14 0
                                    

အခန်း(၂၇၈)

ပညာရှင်က သူမကို ပြောခွင့် မပေးဘူး။






Long Feiye မှာ Han Yunxi အား ဦးဆောင်ကာ ရှေ့မှ လျှောက်သွားလျှင် အဒေါ်ရူမှ နောက်ဆုံးတွင် လိုက်လာသည်။ သစ်ပင် ပင်စည်နောက်ရှိ လျှို့ဝှက်လမ်းမှာ အောက်ဘက်သို့ ဆက်ဆင်းသွားပြီး ကုန်းစောင်းမှာ မတ်စောက်သထက် မတ်စောက်လာသည်။ အဆုံးတွင် ၎င်းမှာ ဒေါင်လိုက် ဖြစ်သွားတော့သည်။ Long Feiye မှာ Han Yunxi အား ရင်ခွင်ထဲထည့်ပြီးနောက် ခုန်ချလိုက်လျှင် အဒေါ်ရူမှာလည်း နောက်မှ နီးကပ်စွာ လိုက်လာသည်။ မထင်မှတ်စွာပင် သူတို့က ညလင်းပုလဲများဖြင့် လင်းနေသည့် မြေအောက်ကျောက်တုံးခန်းမထဲသို့ ရောက်သွားသည်။ ခန်းမမှာ ဗလာဟင်းလင်းဖြစ်နေပြီး မည်သည့်နေရာသို့ ဦးတည်မှန်း မသိနိုင်သော တံခါးရှိနေသည်။ ထို့အပြင် လေထဲရှိ စူးရှသောရနံ့မှာလည်း ပို၍ ပြင်းထန်လာသည်။

ရင်ခွင်ထဲတွင် Han Yunxi ဖြင့် ဆင်းသက်လာပြီးနောက် Long Feiye မှာ သူမအား လွှတ်ပေးခြင်း မရှိပဲ နောက်တစ်ကြိမ် လက်ကိုင်လိုက်ပြန်သည်။ Han Yunxi မှာ သူမလက်ချောင်းများဖြင့် သွယ်ယှက်ထားသော လက်ချောင်းများအား ငုံ့ကြည့်လိုက်ပြီးနောက် လွတ်မြောက်ရန် ကြိုးစားသည့် အနေဖြင့် လှုပ်ရှားလိုက်သည်။ မထင်မှတ်စွာပင် Long Feiye မှာ သူ၏ ဆုတ်ကိုင်ထားမှုအား တင်းကျပ်လိုက်တော့သည်။ Han Yunxi မှာ မျက်မှောင်ကျူတ်ကာ သူ့အား တည့်မတ်စွာစိုက်ကြည့်လိုက်သော်လည်း သူက သူမအား ကြည့်လာခြင်း မရှိပေ။ သူမက သူ၏ အေးစက်ချောမောကာ ရန်လို၍ အလေးအနက်ရှိဟန် ဘေးတစ်စောင်း ပုံရိပ်သာ မြင်လိုက်ရသည်။ Han Yunxi မှာ သူ့အား အချိန်အတော်ကြာအောင် ကြည့်လိုက်ပြီး အကြိမ်အနည်းငယ်လောက် လွတ်မြောက်နိုင်ရန် ရုန်းကန်လိုက်သည်။ Long Feiye မှာ သူမက သူ့အား စိုက်ကြည့်နေခြင်းအား သတိပြုမိ၍လား မရှင်းလင်းသော်လည်း သူက ရေခဲတမျှ အေးစက်ကာ လွှမ်းမိုးဆဲဖြစ်ပြီး သူမအား လွှတ်ပေးခြင်းမပြုပဲ လျစ်လျူရှုထားသည်။ နောက်ဆုံးတွင် Han Yunxi မှာ အရှုံးပေးလိုက်ရတော့သည်။ သူမက ထပ်မံ၍ ရုန်းကန်ရန်လည်း ပျင်းရိသွားပြီး စိတ်တိုင်းကျ လုပ်ခွင့်ပေးလိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now