အခန်း(၂၄၁)

90 17 0
                                    

အခန်း(၂၄၁)

မျှော်လင့်ချက်မဲ့သော အဖြေ။






အကယ်၍ ရေတွက်ခဲ့လျှင် Han Yunxi မှ Jun Yixie နှင့် တွေ့ဆုံရခြင်းမှာ သုံးကြိမ် ရှိပြီဖြစ်သည်။ သို့တိုင် အချိန်တိုင်းမှာ ကြမ်းတမ်းကာ အန္တရယ်များလှသော အခြေအနေများ ဖြစ်သည်။ ယခုအချိန်တွင် သူက တံခါးအပြင်တွင် ရောက်နေသည်။ Gu Qishao မှာ ထိုအမျိုးသမီးအား ကြည့်လေ သူမက မည်မျှ ရဲရင့်မှန်း သတိပြုမိလေဖြစ်သည်။ သူမက Jun Yixie အား မျက်နှာချင်းဆိုင်တွေ့ကာ ဖြေဆေးတောင်းရန် မည်သည့်နေရာမှ သတ္တိရလာမှန်း သူက မသိတော့ပေ။

တံခါးခေါက်သံမှာ မနှေးလွန်း မမြန်လွန်းပေ။ သို့တိုင် အစဉ်ကျကာ နည်းလမ်းကျလှသည်။ တံခါးခေါက်နေသည့်လူမှာ အလွန်တည်ငြိမ်မှန်း သိနိုင်သည်။

"ငါ တံခါးသွားဖွင့်လိုက်မယ်။" Gu Qishao မှာ မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် Han Yunxi မှာ သူ့အား တားဆီးလိုက်သည်။

"ဘာတွေ အလျင်လိုနေတာလဲ။ ကျွန်မသွားလိုက်မယ်။"

Gu Qishao မှာ ပုခုံးတွန့်ရင်း Han Yunxi အား ရှေ့သို့ သွားနိုင်ရန် ရွေ့ပေးလိုက်သည်။ သို့တိုင် သူမက ချက်ချင်း ရပ်လိုက်ခြင်း မပြုသေးပဲ လက်ထဲရှိမုန့်အား အရင်ပြီးအောင် စားနေလိုက်သည်။ တံခါးခေါက်သံနှင့် ယှဉ်လိုက်လျှင် Han Yunxi ၏ လှုပ်ရှားမှုမှာ ပို၍ တည်ငြိမ်ကာ သက်တောင့်သက်သာ ရှိလှသည်။ Gu Qishao မှာ သူမထံမှ အကြည့်မလွှဲနိုင်ပဲ သူ၏ အပြုံးများတွင် အဆုံးမရှိသော မြတ်နိုးမှုများဖြင့် ပြည့်နေသည်။ Han Yunxi မှာ တုံဆိုင်းမနေပဲ တံခါးအား တစ်ခါတည်း ဖွင့်လိုက်သည်။ သူမက စိတ်ထဲတွင် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သော်လည်း တံခါးရှေ့မှ လူကြောင့် အေးစက်သွားဆဲပင်။ Jun Yixie မှာ တစ်ယောက်တည်း လာမည်ဟု သူမက ခန့်မှန်းထားသော်လည်း သူ၏ မျက်နှာအား ဖော်ပြလာမည်ဟုတော့ မထင်မှတ်ထားပေ။

ခက်ထန်သော မျက်နှာမှာ ကြမ်းတမ်းသော ဘုရင်တစ်ပါးကဲ့သို့ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ Han Yunxi မှာ ၎င်းအား တစ်ကြိမ်အတွေ့အကြုံရှိပြီးသား ဖြစ်သော်လည်း သူမက မမေ့နိုင်ပေ။ ယခင်တစ်ကြိမ်တွင် သူမက အမြင်မှားခြင်း မဟုတ်ပေ။ သူ၏ ညာဘက်မျက်လုံး အပေါ်မျက်ခုံးတွင် သွေးနီရောင် မျက်ခုံးဖောက် ရှိနေပြီး ဆံပင်များအောက်တွင် လျှို့ဝှက်ဆန်းကြယ်သည့် မျိုးနွယ်တံဆိပ်အား ဖုံးကွယ်ထားသည်။ ယခုအချိန်တွင် နှစ်ယောက်မှာ တံခါးဘောင်သာ ခြားနေကာ မျက်နှာချင်းဆိုင် ရပ်နေသည်။ Long Feiye မှလွဲ၍ Han Yunxi မှာ ဤမျှ လွှမ်းမိုးနိုင်ခြင်းအား ခံစားလိုက်ရသည့် လူတစ်ယောက်အား ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ရခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now