အခန်း(၃၄၆)

71 10 0
                                    

အခန်း(၃၄၆)

ရှင်မပျော်လို့ ကျွန်မက ပျော်တယ်။





သူမက လိုက်လာဖို့ မလိုဘူးလို့ သူက ပြောလိုက်တယ်။

Han Yunxi မှာ အဝေးတွင် ပျောက်ကွယ်သွားသော Long Feiye ၏ ကျောပြင်အား ကြည့်ရင်း ရုတ်တရက် သူမက စွန့်ပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ နှလုံးသားတွင် တောင့်တင်းကာ မသက်မသာ ဖြစ်သွားတော့သည်။ ဧည့်ဆောင်တွင် Long Feiye မှာ သူမအား မေးခွန်းများ မဆုံးနိုင်အောင် မေးမြန်းနေခဲ့သည်။ အသေအချာပင် သူက သူမလုပ်ဆောင်နေသည်အား သဘောမကျဖြစ်ကာ စိတ်ဆိုးနေမှန်းလည်း သူမက သိနေသည်။ အကယ်၍ ယခုအချိန်တွင် သူမက သူ၏ နောက်သို့ လိုက်မသွားလျှင် ရလဒ်မှာ ဆိုးရွားသွားနိုင်သော်လည်း သူမက မလှုပ်ရှားမိပေ။

တစ်ဖက်တွင် Gu Beiyue ၏ အသက်ဖြစ်နေကာ တစ်ဖက်တွင် Long Feiye ၏ ခံစားချက်များ ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ အသက်တစ်ချောင်းမှာ စိတ်ခံစားချက်များထက် ပို၍ အရေးပါသည်။ သူမက စိတ်ခံစားချက်များကြောင့် Gu Beiyue ၏ အခြေအနေအား လျစ်လျူမရှုနိုင်ပေ။ ယခုတွင် Long Feiye ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း Han Yunxi မှာ သူ့အား ကြည့်နေဆဲ ဖြစ်သည်။ သူမက ထိုကဲ့သို့ ရွေးချယ်မှုအား ပြုလုပ်ပြီးနောက် အဆိုးရွားဆုံး ခံစားနေရသည်အား မည်သူမှ မသိနိုင်ပေ။ Zhao မားမားမှာ အချိန်အတော်ကြာအောင် မှင်သက်နေပြီးမှ ရုတ်တရက် Han Yunxi ၏ ဝတ်ရုံစအား ဆွဲထားရင်း သတိရသွားသည်။

"လေးစားရတဲ့ဝမ်ဖေး.. အရှင့်သားက မပျော်ဘူး။ အရှင့်သားက တကယ်ပဲ အရမ်းကို မပျော်မရွှင်ဖြစ်နေတယ်။"

နောက်ဆုံးတွင် Han Yunxi မှ ယခင်က ပြောထားသည်အား Zhaoမားမားမှာ သတိရသွားသည်။ ဒါက လေးစားရတဲ့ဝမ်ဖေးရဲ့ ရည်ရွယ်ချက်မဟုတ်ဘူးလား။ သူတို့က Gu Beiyue မှ အပြည့်အဝ သက်သာလာသည်အထိ နေခွင့်ပေးမည်ဟုပင် သူမက ပြောခဲ့သည်။ အကယ်၍ အရှင့်သားမှာ မပျော်မရွှင်ဖြစ်နေလျှင် လေးစားရတဲ့ဝမ်ဖေးမှာ အပျော်ဆုံးသူ ဖြစ်နေသင့်သည်။ Zhaoမားမားမှာ စိုးရိမ်နေမှုမှသည် အံ့သြဝမ်းသာမှုသို့ ပြောင်းလဲသွားတော့သည်။ "လေးစားရတဲ့ဝမ်ဖေး အရှင့်သားက တကယ်ပဲ မပျော်မရွှင်ဖြစ်နေတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Tahanan ng mga kuwento. Tumuklas ngayon