အခန်း(၃၄၉)

68 12 0
                                    

အခန်း(၃၄၉)

ဘယ်တော့မှ ပြန်မသွားဘူး။





Tang Li ​၏ဆံပင်များမှာ ရှုပ်ပွနေကာ မင်္ဂလာဝတ်စုံမှာလည်း စုတ်ပြဲနေသည်။ သူက အသက်ရှူရန် အချိန်ပင် မရလိုက်ပဲ Long Feiye မှာ သူ့အား ချင်ဝမ်အိမ်တော်မှ ဆွဲခေါ်လာသည်။

“ခဏ..” ကောင်းပြီ.. ငါက စကားမပြောခင် အရင် အသက်ဝအောင် ရှူသင့်တယ်။ သူက မင်္ဂလာပွဲအလယ်မှ ထွက်ပြေးလာပြီး Long Feiye ၏ လမ်းညွှန်ချက်အတိုင်း ခရီးနှင်လာခဲ့သည်။ ခရီးမှာ လုံခြုံလာခဲ့ပြီးမှ သူက ထန်မျိုးနွယ်မှ မဟုတ်ပဲ သတို့သမီးဘက်မှ ခြုံခိုတိုက်ခိုက်ခြင်း ခံရလေသည်။ သူ၏ အဖေဖြစ်သူမှ သတို့သမီးမှာ အင်အားကောင်းသော မိသားစုမှ လာသူဖြစ်ကြောင်း သူ့အား ပြောဆိုခဲ့သော်လည်း သူက စိတ်ထဲမထားခဲ့ပေ။ သူက သတို့သမီး၏ နောက်ခံ သို့မဟုတ် အဆင့်အတန်းအားပင် စုံစမ်းခဲ့ခြင်း မရှိခဲ့ပေ။ ယခုအချိန်အထိ သူက အသေးစိတ်အချက်များအား ရှုပ်ထွေးနေဆဲ ဖြစ်သည်။ သို့တိုင် ခြုံခိုတိုက်ခိုက်ခံရမှု အပြီးတွင် သူက ဇနီးလောင်းအား သိချင်လာသည်။

ခြုံခိုတိုက်ခိုက်မှုမှာ ပြင်းထန်လှသည်။

ပထမအဆင့် ကျွမ်းကျင်သူ ငါးဆယ်လောက်မှာ Long Feiye ၏ လူများအား လွှမ်းမိုးနိုင်သည်။ သူက သစ်တော်ပန်း မိုးဖွဲအပ်မှ လက်နက်များအားလုံး အသုံးပြုပြီးမှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူက စားသောက်ရန် သို့မဟုတ် အိပ်စက်ရရန်ပင် အလုပ်များနေခဲ့ရသည်။ သူက လိုက်ဖမ်းမမိစေရန် မြန်နိုင်သမျှ မြန်မြန် ပြေးရမည်ဟုသာ အာရုံရောက်နေသည်။ သူက ထျန်းနင်မြို့တော် ရောက်သည်အထိ ပူပန်နေရပြီး ချင်ဝမ်အိမ်တော်ရောက်မှသာ စိတ်သက်သာသွားခြင်း ဖြစ်သည်။

အကြိမ်အနည်းငယ် အသက်ရှူပြီးနောက် Tang Li မှာ စကားပြောရန် ပြင်လိုက်သည်။ သို့တိုင် သူ၏ အမြင်အာရုံမှာ ရုတ်တရက် အမှောင်ကျသွားကာ သတိလစ်သွားတော့သည်။ သူက အားနည်းသူ မဟုတ်သော်လည်း ထန်မျိုးနွယ်မှ ထျန်းနင်မြို့တော်သို့ ထွက်ပြေးလာရသည့် အကွာအဝေးတစ်ခုလုံးမှာ သူ၏ စွမ်းဆောင်ရည်အား ကန့်သတ်ချက်အထိ ရောက်သွားစေသည်။ Tang Li မှ သတိလစ်သွားသည်အား မြင်လျှင် Long Feiye မှာ မျက်မှောင်ကျူတ်ကာ ရေရွတ်လိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now