အခန်း(၃၄၃)

72 13 0
                                    

အခန်း(၃၄၃)

ရည်ရွယ်ချက်က ဘာလဲ။






Han Yunxi မှာ တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးအား စောင့်နေသော်လည်း လုပ်ကြံသူမှာ သူမ၏ အပ်များအား လွယ်ကူစွာ ရှောင်တိမ်းလိုက်မည်ဟု မထင်မှတ်ထားပေ။ ဤသို့ အခြေအနေတွင် သူမ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းနိုင်ရန် လုပ်ကြံသူမှာ သူမ၏ နည်းလမ်းများနှင့် ရင်းနှီးသူ သို့မဟုတ် အလွန်အမင်း ကျွမ်းကျင်သော သူဖြစ်ရမည်။ သူမက လုပ်ကြံသူများ၏ နောက်ကွယ်အား အထင်သေးမိကြောင်း သတိပြုမိသွားသည်။ Zhaoမားမားမှာ ကြက်ဖမ်းရန်ပင် အင်အားမရှိသော အမျိုးသမီးအိုကြီး ဖြစ်သည်။ Han Yunxi ၏ အပ်မှာလည်း တစ်ဖက်လူအား ဒဏ်ရာရစေရန် ကျရှုံးသွားသည်။ ဓါးသွားမှာ Zhao မားမားအား ထိုးစိုက်လုနီးပါးဖြစ်ကာ သူမက ထိတ်လန့်နေပြီး နေရာတွင် အမြစ်တွယ်နေသကဲ့သို့ ရပ်နေသည်။ Han Yunxi မှာ Zhaoမားမားအား သူမထံ ဆွဲခေါ်လိုက်ပြီး ကုတင်ပေါ်သို့ နောက်လှန်ကျသွားလျှင် ဓါးသွားမှာ အပေါ်မှ ဖြတ်သွားလေသည်။

ထူးဆန်းစွာဖြင့် အဆင့်မြင့်ပညာရှင်၏ ဓါးမှာ Zhaoမားမားအား ထိခိုက်စေခြင်း မရှိပဲ တည့်မတ်စွာ ကျော်ဖြတ်သွားတော့သည်။ ထို့အပြင် Zhao မားမား၏ နောက်တွင် ရပ်နေသော Han Yunxi မှာ ပို၍ လုံခြုံနေသည်။ ထိုခဏတွင် သူမက ခြေထောက်အား ဆန့်ထုတ်ကာ လုပ်ကြံသူအား ကန်ကျောက်လိုက်သည်။ ထိုသူမှာ ရှောင်တိမ်းသွားပြီး Zhaoမားမားအား တွန်းထုတ်ကာ သူမက ထွက်လာရန် ပြင်လိုက်လိုက်သည်။ ထို့နောက်တခဏတွင်ပင် နောက်ထပ်လုပ်ကြံသူ၏ ဓါးမှာ Gu Beiyue အား ဦးတည်လာသည်။

“Chu Xifeng  သူ့ကို ကယ်..”  Han Yunxi မှာ အော်လိုက်ပြီး သူမ၏ မြှားလေးများအား ပစ်လွှတ်လိုက်သည်။ ကံမကောင်းစွာဖြင့် Chu Xifeng မှာ မလှုပ်ရှားနိုင်ပေ။ အနက်ဝတ်လုပ်ကြံသူများမှာ အလွန်အင်အားကောင်းကာ  အခန်းတွင်း၌ လက်နက်ချင်း ထိခတ်သံများမှာ ပြည့်နှက်နေသည်။ အစောင့်နှစ်ယောက်မှာ ကယ်တင်ရန် အလျင်အမြန် ရှေ့တိုးလာသော်လည်း တစ်ယောက်မှာလည်ပင်းတွင် ဓါးထိကာ လဲကျသွားသည်။ ကျန်တစ်ယောက်မှာလည်း တစ်ဦးတည်းဖြင့် ကျန်ရှိနေသော လုပ်ကြံသူများအား ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version On viuen les histories. Descobreix ara