အခန်း(၃၂၇)

71 15 0
                                    

အခန်း(၃၂၇)

ဧကရာဇ် Taihui မှာ နှစ်သက်သဘောကျမိသူ။






Xiao Zhengxin မှာ ဒုတိယမင်းသားအား ချက်ချင်းပင် ရိုင်းပြနေသောကြောင့် ဆူပူလိုက်သည်။ "Tianqing မင်းက လေးစားရတဲ့ဝမ်ဖေးကို ရိုင်းပြနေလို့ မရဘူး။"

Xiao Zhengxin မှာ ဒုတိယမင်းသား၏ အမေမိသားစုမှာ အဘိုးဖြစ်သည်။ အကယ်၍ မိသားစုဝါစဉ်ကြောင့်သာ မဟုတ်လျှင် သူက မြေးဖြစ်သူ့အား ဒုတိယမင်းသားဟု ခေါ်ဆိုသင့်သည်။ ၎င်းမှာ သူ၏ ကျင့်ဝတ်ပင် ဖြစ်သော်လည်း ယခုအချိန်တွင် ကိစ္စများမှာ ပြောင်းလဲသွားပြီဖြစ်သည်။ အကယ်၍ Xiao Zhengxin နှင့် ချင်ဝမ်တို့၏ နောက်ခံကြောင့်သာ မဟုတ်လျှင် ရှောင်ကွေ့ဖေးမှာ မကြာခင်ပင် ဝမ်းနည်းစွာ အဆုံးသတ်ရမည်ဖြစ်သည်။ ဤဒုတိယမင်းသားဆိုလျှင် ပြောဖွယ်မရှိတော့ပေ။

"အဘိုး.. ကျွန်တော်တို့ အားလုံးက ချင်ဝမ်ကို ထောက်ပံ့ပေးနေတဲ့ သူပဲ။ သေချာပေါက် သူမက မူဖေးကို ကယ်ရမှာပေါ့။" ဒုတိယမင်းသားမှာ မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ သူက အိမ်ရှေ့စံထက် ပို၍ ကျော်ကြားကာ မျက်နှာသာပေးခံရသော မင်းသားဖြစ်ခဲ့သည်။ သို့သော်ယခုတွင် သူ၏ အဆင့်အတန်းမှာ နိမ့်ကျသွားသောကြောင့် ကိစ္စများအား မခံမရပ်နိုင်ဖြစ်နေသည်။ သူ၏ ဖခင်ဖြစ်သူကဲ့သို့ပင် သူက ချင်ဝမ်အပေါ် မကျေနပ်မှုများရှိနေသည်။ ထိုအမျိုးသားအား လေးစားအားကျသူမှာ အိမ်ရှေ့စံ Long Tianmo သာ ဖြစ်သည်။ သို့တိုင် သူက အဘိုးဖြစ်သူ၏ ကြေငြာချက်ကျေးဇူးဖြင့် သူ၏ မိသားစုမှာ ချင်ဝမ်ဘက်တွင် ရပ်တည်ကာ အဆုံးသတ်သွားသည်။

သူနှင့် မူဖေးမှာ အဘိုးဖြစ်သူ၏ သူတို့ထံမှ အရာအားလုံး ဖုံးကွယ်ထားခြင်း ကျေးဇူးကြောင့် များစွာ ဒုက္ခခံစားခဲ့ရသည်။

ဒုတိယမင်းသားမှာ အပြည့်အဝပင် မကျေမနပ်ဖြစ်နေသည်။ ဖြစ်နိုင်လျှင် ဧကရာဇ် Taihui မှာ အိမ်ရှေ့စံအား ဖယ်ရှားရန် အစီအစဉ်ရှိနေပြီ ဖြစ်သဖြင့် သူက ဖခင်ဖြစ်သူအား ရွေးချယ်ချင်နေသည်။ ချင်ဝမ်အပေါ်တွင် သစ္စာခံရန်မှာ---- သူက မွေးနေ့စားပွဲတွင် အရူးတစ်ယောက်ကဲ့သို့ ပြုမူခဲ့သဖြင့် ထိုအမျိုးသားမှာ အဘယ်ကြောင့် သူ့အား ပေါ်လွင်ခွင့်ပေးနိုင်တော့မည်နည်း။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now