အခန်း(၃၅၀)

75 15 0
                                    

အခန်း(၃၅၀)

သူက အတွေးပြောင်းသွားလား။





Gu Qi Sha မှာ Long  Feiye မှ ရပ်တန့်သွားမည်ဟု ယူဆကာ သစ်သီးအား လေးစိတ်ပိုင်းဟန် ပြုလိုက်သည်။ ထိုအစား Long Feiye မှာ ဆက်လက်ရောက်ရှိလာပြီး နောက်ထပ် ခြေထောက် တစ်ဖက်ပင် မြှောက်လိုက်သည်။

Gu Qi Shaမှာ မရှောင်နိုင်တော့ပေ။

သို့ဖြင့် Long Feiye ၏ ခြေထောက် နှစ်ဖက်စလုံးမှာ Gu Qi Sha ၏ ဝမ်းဗိုက်အား ပြင်းထန်စွာ ကန်မိသွားတော့သည်။ ထိုကန်ကျောက်မှု အရှိန်အား အသုံးပြုကာ သူက လေထဲတွင် တစ်ပတ်လှည့်ကာ ထိုအမျိုးသား၏ ရှေ့တွင် ရပ်လိုက်သည်။ ခြံဝန်းထဲရှိ အချိန်မှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ Gu Qi Sha မှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး လက်ထဲမှ မြွေနဂါးသစ်သီးမှာ ပြုတ်ကျကာ မြေပြင်ပေါ်တွင် ကြေမွသွားတော့သည်။ Long Feiye မှာ ၎င်းအား တစ်ချက်ပင် မကြည့်ချေ။ သူက Gu Qi Sha အား အေးစက်စွာ ကြည့်နေသည်။ ထိုခဏတွင် Gu Qi Sha ၏ အနောက်ရှိ တံခါးမှာ လေးငါး စိတ်လောက် ကွဲသွားတော့သည်။

နောက်ဆုံးတွင် Gu Qi Sha မှာ မြေပြင်ပေါ်မှ မြွေနဂါးသစ်သီးအား ငုံ့ကြည့်လိုက်သည်။ သူက ၎င်းအား မယုံကြည်နိုင်ပေ။ “ Long Feiye မင်း…”

သူက စကားမဆုံးခင်  သွေးအန်လိုက်ရပြီး မျက်နှာဖုံးတစ်ခုလုံးမှာ သွေးများ ပေသွားတော့သည်။

Long Feiye က မြွေနဂါးသစ်သီးနဲ့ ခြိမ်းခြောက်လို့ မရတော့ဘူး။ ဒါဆို သူက မလိုချင်တော့ဘူးလား။ အဲ့တာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာပြောင်းလဲသွားတာလဲ။

Gu Qi Sha မှာ ကိုယ်တွင်း ချီနှင့် သွေးများ လည်ပတ်လာကြောင်း ခံစားလိုက်ရပြန်သည်။ မကြာခင် သူက နောက်တစ်ကြိမ် သွေးအန်လိုက်ရတော့သည်။ Long Feiye မှာ သူ့အား အချည်းနှီး နှစ်ဆင့်ကန်လိုက်ခြင်း မဟုတ်ပေ။ နောက်ဆုံးတွင် ဆေးမိစ္ဆာတောင်ကြားအရှင်မှာ မြေပြင်ပေါ်တွင် တစ်ဝက် ဒူးထောက်ရန် ဖိအားပေးခံလိုက်ရတော့သည်။ Gu Qi Sha မှာ Long Feiye ၏ ကိုယ်ပေါ်တွင် ဆေးမျိုးစေ့ စိုက်ပျိုးရန် အန္တရယ်များလှသည် နီးကပ်နေပြီဖြစ်သည်။ သူ၏ မျိုးစေ့များထဲမှ တစ်စေ့ကပင် Long Feiye ၏ အသက်အား ယူဆောင်ရန် လုံလောက်နေပြီဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now