အခန်း(၃၂၈)

65 15 0
                                    

အခန်း(၃၂၈)

ဘက်လိုက်မှုနှင့် ပတ်သက်၍။







သမိုင်းတွင် အုပ်စိုးသူများမှာ သူတို့၏ ချစ်သူများနှင့် ပျော်မွေ့နေကာ ရလဒ်အနေဖြင့် မနက်ခင်းညီလာခံအား လွဲချော်တတ်ကြသည်။

ဧကရာဇ် Taihui မှာ မနက်ခင်းညီလာခံပြီးဆုံးသည်နှင့် Noble Consort Yun ၏ အဆောင်သို့ ရောက်လာသည်။ အကယ်၍ သူ၏ ပစ်မှတ်မှာ Chu Qingge ဆိုလျှင် သူ၏ အပြုအမူများမှာ အတော်အသင့် နားလည်နိုင်သည်။ သူက ထိုမိန်းကလေးအား အလွယ်တကူလွှတ်ပေးမည်မဟုတ်ကြောင်း Han Yunxi မှာ သံသယဝင်မိသည်။

“ကိုယ်တော်က မင်းတို့နှစ်ယောက် စုံစမ်းရေး ဘယ်လိုလုပ်နေကြလဲဆိုတာ လာကြည့်တာပဲ။ မင်းတို့က လိုအပ်သလို မေးမြန်းစုံစမ်းပါ။ ဘာကိုမှ လွဲမှားစရာ မလိုဘူး။" ဧကရာဇ် Taihui မှာ အလေးအနက်ထားပြောလိုက်သည်။

“ဟုတ်ကဲ့..” Han Yunxi မှာ တစ်ခွန်းတည်းသာ ပြန်ဖြေလိုက်သည်။

“အရှင်မင်းမြတ်က ပွင့်ပွင့်လင်းလင်း ပြောမှတော့ Qingge က အမှန်တရားပေါ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်။"

Han Yunxi မှာ မနေနိုင်တော့ပဲ မျက်လုံးများလှိမ့်လိုက်တော့သည်။ ဘာလဲ.. တကယ်လို့ ဧကရာဇ် Taihui ရောက်မလာရင် နင်က အစွမ်းကုန် မကြိုးစားတော့ဘူးလား။

“ကိုယ်တော်က မင်းကို ယုံကြည်ပါတယ်။" ဧကရာဇ် Taihui ၏ အကြည့်များတွင် အဓိပ္ပါယ်များ ပါဝင်နေသည်။ Chu Qingge မှာ ခေါင်းငြိမ့်လိုက်သည်။ သူမက နန်းတွင်းသူအချို့အား ထပ်မံစစ်မေးရန် ပြင်လိုက်စဉ် ဧကရာဇ် Taihui မှာ ထပ်ပြောလိုက်သည်။ “မိန်းကလေးချူ တကယ်လို့ မင်းက အကူအညီလိုအပ်တာရှိရင် ကိုယ်တော့်ကို တိုက်ရိုက် မေးလို့ရတယ်။ ကိုယ်တော်က နှောင့်နှေးမှု မရှိစေရပဲ မင်းကို ကူညီပေးမယ်။" သူက Han Yunxi အား ရှိသည်ဟုပင် မထင်ချေ။

“ကျေးဇူးတင်ပါတယ်. အရှင်မင်းမြတ်။"

အကယ်၍ အတိတ်တွင် ဆိုလျှင် Chu Qingge မှာ ဧကရာဇ် Taihui ၏ အကြည့်များမှ တစ်စုံတစ်ရာ မှားယွင်းနေမှုအား သတိပြုမိလောက်ပြီ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမ၏ စိတ်တွင် Han Yunxi အား ယှဉ်ပြိုင်ရန် အတွေးများသာ ပြည့်နှက်နေသည်။ Han Yunxi အား အနိုင်ယူကာ သူမရှေ့တွင် ကြွားဝါနိုင်မည့် အခွင့်အရေးရှိနေသရွေ့ သူမက တုံ့ဆိုင်းနေခြင်းမရှိပဲ အသုံးချမည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now