အခန်း(၂၈၅)

88 16 0
                                    

အခန်း(၂၈၅)

လက်ခံသည်ဖြစ်စေ ဒါမှမဟုတ် ငြင်းဆန်သည်ဖြစ်စေ အတင်းအကြပ် ခေါ်ဆောင်ထားမယ်။




Han Yunxi က အဆိပ်ပညာကို ဘယ်က သင်လာတာလဲ။

အဒေါ်ရူမှာ ထိုမေးခွန်းအား Long Feiye ထံမေးခဲ့ပြီး ဖြစ်သော်လည်း သူ၏ ပညာရှင်ဟူသော အဖြေအား သူမက မကျေနပ်နိုင်ပေ။ Tang Li မှာ အဒေါ်ရူအား ကြည့်လိုက်ပြီးနောက် Long Feiye အားကြည့်လိုက်ကာ ကူကယ်ရာမဲ့နေသည်။ သူနှင့် Long Feiye နှစ်ယောက်စလုံးမှာ မသိပေ။ Han Yunxi မှ Mu Qingwu အား ကယ်တင်ခဲ့ချိန်မှစ၍ သူတို့က စုံစမ်းနေခဲ့သည်။ သူတို့က ရှာတွေ့သမျှမှာ သူမမိခင် သခင်မ Tianxin မှာ ဆေးဝါးမြို့တော်မှ လာကြောင်းသာ ရှာတွေ့ခဲ့သည်။ သူတို့က အခြားမည်သည့်အရာမှ မသိရပေ။

သူတို့က အဆိပ်မြေပြင်တွင် မဟုတ်တော့သဖြင့် Han Yunxi စွမ်းရည်အား မှီခိုရန် မလိုအပ်တော့ပေ။ အဒေါ်ရူမှာ ယခင်ကကဲ့သို့ စိတ်ရှည်မနေတော့ပေ။ သူမက Tang Li အား ခက်ထန်သည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။ “မပြောသေးဘူးလား။"

ထိတ်လန့်နေသည့် Tang Li မှာ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ “ပညာရှင်တစ်ယောက်က သူမကို သင်ပေးတာ.. ဒါပေမယ့် သူတို့က သူမကို မပြောခိုင်းဘူး။"

ထိုစကားများမှာ Long Feiye ၏ စကားများနှင့် အတိအကျပင် တူညီနေသည်။ သူတို့က ထိုစကားအား ယခင်တည်းက ကြိုတင် ညှိထားခြင်းမရှိပေ။ သို့သော် သူတို့၏ ခံစားမှုအတိုင်း အခြေခံကာ ပြောခဲ့ကြခြင်းသာ ဖြစ်သည်။

“အဆိပ်တစ်ရာဂိုဏ်းနဲ့ ငါတို့ ထန်မျိုးနွယ်က တစ်ယောက်ယောက်ကလွဲရင် သူမကို သင်ကြားနိုင်တဲ့စွမ်းရည် ဘယ်သူ့မှာ ရှိလို့လဲ။" အဒေါ်ရူမှာ စိတ်ဝင်တစားမေးလိုက်သည်။

အဆိပ်တစ်ရာဂိုဏ်းနှင့် ထန်မျိုးနွယ်အဆိပ်ပညာတို့မှာ အဆိပ်ဂိုဏ်းမှ အဖျားခံလာကြခြင်းဖြစ်သည်။ အဆိပ်ဂိုဏ်းမှ ဖျက်ဆီးခံလိုက်ရသည်နှင့် ထန်မျိုးနွယ်အဆိပ်ပညာမှာလည်း ကျဆင်းသွားခဲ့သည်။ အဆိပ်တစ်ရာဂိုဏ်းမှာ တည်ရှိနေဆဲ ဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း မည်သည့်ကြီးမားသော လှုပ်ရှားမှုမှ မပြုလုပ်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now