အခန်း(၃၈၃)

46 13 0
                                    

အခန်း(၃၈၃)

စပါးကို လက်လျော့ဖို့ အချိန်ရောက်ပြီ။






Han Yunxi မှာလည်း Long Feiye နှင့် တူညီသော မေးခွန်းအား စဉ်းစားမိနေသည်။

“ဝမ်ရယ် တစ်နေရာရာမှာ အနှောင့်အယှက် ရှိနေရမယ်။" Han Yunxi မှာ ယုံကြည်နေသည်။  Nanguo Mingde မှ ပေါ်မလာခင် သူမက အစောင့်များအား မေးမြန်းခဲ့လျှင် မြို့တံခါးလေးခုလုံးမှာ မဖိတ်ခေါ်သော ဧည့်သည်များအား တားဆီးရန် ပိတ်ထားခြင်း မရှိကြောင်း သိခဲ့ရသည်။ သူတို့၏ ခရီးစဉ်တွင် နှစ်ယောက်မှာ မြို့တွင်း၌ ဘေးသင့်ဒုက္ခသည်များမှာ စုရုံးကာ ဆန်တောင်းရမ်းနေကြမည်ဟု ခန့်မှန်းထားခဲ့သော်လည်း ထိုသို့ ဖြစ်နေခြင်း မရှိပေ။

တစ်ယောက်ယောက်က လူအုပ်ကို .. ထိန်းချုပ်နေတာများ ဖြစ်နိုင်မလား။

သဘာဝဘေးသင့် ဒေသများသို့ တော်ဝင်သံတမန်မှ ရောက်လာချိန်တွင် ဒုက္ခသည်များ၏ အရိပ်အယောင် မမြင်ရသည်မှာ အတော်လေး ပုံမှန်ဖြစ်နေကျ ကိစ္စဖြစ်သည်။ နည်းလမ်းကျစွာ ပြောရလျှင် တော်ဝင်သံတမန်၏ ခရီးလမ်းကြောင်းမှာ ဒေသခံအရာရှိများမှ စီစဉ်ပေးထားသောကြောင့် ဒုက္ခသည်များအား မမြင်နိုင်ရန် မောင်းထုတ်ထားတတ်ကြသည်။ အကယ်၍ လမ်းကြောင်းမှာ အချိန်ကြိုတင် ပြင်ဆင်ထားခြင်း မရှိလျှင်တောင်မှ ဒေသခံအရာရှိများမှာ ဒုက္ခသည်များအား မမြင်နိုင်သည့် နေရာအထိ မောင်းထုတ်ရန် စွမ်းရည်ရှိနေဆဲဖြစ်သည်။ သို့သော် Long Feiye ၏ အလွဲသုံးစားလုပ်ထားသော သတင်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့နေပြီး အကယ်၍ အရာရှိ Nanguo မှ ဒုက္ခသည်များအား ဝှက်ထားချင်လျှင်ပင် အထက်လူကြီးများမှာ ခွင့်ပြုမည် မဟုတ်ပေ။ သူတို့က သေချာပေါက် လူအုပ်ကို အသုံးချပြီး ဒုက္ခပေးမှာပဲ။

Han Yunxi နှင့် Long Feiye တို့မှာ အတွေးထဲ နစ်မြှုပ်နေစဉ် Chu Xifeng မှာ ရောက်လာသည်။ အပြုံးဖြင့် သူက ပြောလိုက်သည်။ “အရှင့်သား ကျွန်တော့်မှာ သတင်းနှစ်ခု ရှိပါတယ်။ သတင်းကောင်းတစ်ခု သတင်းဆိုးတစ်ခုပါ။" သို့တိုင် သူက နှစ်ခုစလုံးအား အလှည့်ကျ ပြောလိုက်သည်။ သူက ချင်ဝမ်အား မည်သည့်တစ်ခု အရင်နားထောင်လိုလဲဟု မေးရန် သတ္တိမရှိသေးပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now