အခန်း(၃၄၇)

73 17 3
                                    

အခန်း(၃၄၇)

ဝမ်ရယ် အပြစ်လုပ်ခံရတယ်လို့ ယူဆတာလား။


အကယ်၍ ၎င်းမှာ အခြားနေ့ရက်များဆိုလျှင် Han Yunxi မှာ Gu Beiyue အား ကုတင်မှ ထနိုင်ရန် အသေအချာပင် ကူညီပေးမည် ဖြစ်သည်။ မျက်မှောက်ခေတ်ဆရာဝန်များအတွက် ၎င်းမှာ ဘာမှမဖြစ်နိုင်ပေ။ အတိတ်မှ ထုံးတမ်းများအား သိနေလျှင်တောင်မှ သူမက တစ်ခါတစ်ရံတွင် မေ့လျော့တတ်သည်။ သူမအတွက် အသေးစိတ်အချက်များအား စဉ်းစားရန် မဖြစ်နိုင်ပေ။

ဤတစ်ကြိမ်တွင် Han Yunxi မှာ ညင်သာစွာသာ ပြောလိုက်သည်။ "တော်ဝင်သမားတော်Gu ဒဏ်ရာကို ကောင်းကောင်း ဂရုစိုက်ပါ။" ထို့နောက် သူမက Chu Xifeng အား အေးစက်စွာ အမိန့်ပေးလိုက်သည်။ "တော်ဝင်သမားတော်Gu ကို အိမ်ပြန်ပို့ပေးလိုက်ပါ။ လမ်းမှာလည်း သူ့ကို သေချာ ဂရုစိုက်ပေးပါ။"

အကယ်၍ Chu Xifeng မှာ Gu Beiyue ၏ ဘေးတွင် နေရန် အမိန့်မရထားလျှင် သူက Zhao မားမားနှင့် Han Yunxi တို့၏ နောက်သို့ လိုက်လာမည် ဖြစ်သည်။ ယခုတွင် သူက မသိနားမလည်ဟန်ဖြင့်သာ ပြောလိုက်ရသည်။ "ဒီငယ်သားက နာခံပါ့မယ်။"

သူက Gu Beiyue အား အိပ်ရာမှ ထရန် ကူညီပေးလိုက်ပြီး တော်ဝင်သမားတော် Huang နှင့် အတူ အခန်းတွင်းမှ ထွက်ခွာသွားလေသည်။ Zhaoမားမားမှာ စလောင်းဖုံး ပူပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ စိုးရိမ်ပူပန်နေသည်။ လေးစားရတဲ့ဝမ်ဖေးမှာ မည်သည့်အရာအား ပြုလုပ်နေမှန်း သူမက အဖြေမထုတ်နိုင်ပဲ ဝမ်ဖေးမှာ အမှန်တကယ်ပင် Gu Beiyue အား ပြန်ပို့ပေးလိုက်မည်ဟု မထင်မှတ်ထားပေ။ သူမက လက်လျော့လိုက်တာလား။ ဒါမှမဟုတ် သူမက ဆက်မလုပ်နိုင်တော့တာလား။ သူမက အရှင့်သားချင်ဝမ်ကို တောင်းပန်တော့မလို့လား။ လေးစားရတဲ့ဝမ်ဖေးမှာ ချင်ဝမ်အား များပြားစွာ နှစ်သက်သော်လည်း သူမ၏ ဂုဏ်သိက္ခာ သို့မဟုတ် စည်းမျဉ်းများအား ပစ်ပယ်မည့်သူ မဟုတ်ပေ။ ၎င်းမှာ လေးစားရတဲ့ဝမ်ဖေး၏ ပုံစံ မဟုတ်ပေ။ သူမက အမှားအား ဝန်ခံမည့်အစား ​မေ့ပစ်ကာ အရူးကွက်နင်းမည့်သူပင်။

လေးစားရတဲ့ဝမ်ဖေးမှ ပြန်မလာခင် တစ်ခုခု လုပ်ရမည်ဟု Zhaoမားမားမှာ ဆုံးဖြတ်လိုက်သည်။ အချိန်ခဏကြာပြီးနောက် သူမက Long Feiye အား သွားရှာကာ ပြောလိုက်သည်။ "အရှင့်သား လေးစားရတဲ့ဝမ်ဖေးက နန်းတော်မှာ တော်ဝင်သမားတော်Gu ညှင်းပန်းခံရတာကို မြင်ရတော့ သတိလစ်မတတ် ဖြစ်သွားတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now