အခန်း(၃၆၅)

62 12 0
                                    

အခန်း(၃၆၅)

Long Feiye.. ကျွန်မ ရှင့်ကို အရမ်းလွမ်းတယ်။






နောက်ထပ် တစ်ညမှာ တိတ်ဆိတ်မှုဖြင့် ကုန်ဆုံးသွားပြန်သည်။ အိပ်ရာပေါ်ရှိလူမှာ သတိမရလာသေးသကဲ့သို့ သူ၏ ဘေးရှိလူမှာလည်း မအိပ်စက်ချေ။ တစ်စုံတစ်ရာအား ရရှိခြင်းမှာ ၎င်းအား ထပ်မံ ဆုံးရှုံးရန်အတွက်သာ ဖြစ်သည်ဟု တစ်စုံတစ်ယောက်မှ ဆိုခဲ့သည်။ သို့တိုင် Han Yunxi မှာ သူမက ၎င်းအား မရရှိနိုင်သေးခင် ဆုံးရှုံးရသည်ဟုသာ ခံစားနေရသည်။

အစတွင် သူမက Long Feiye ၏ သွေးခုန်နှုန်းအား နှစ်နာရီကြားတစ်ခါ စမ်းသပ်ခဲ့သည်။ ယခုအချိန်တွင်ပင် သူမ၏ လက်မှာ သူ၏ လက်ကောက်ဝတ်ပေါ်တွင် အဆက်မပြတ်ရှိနေကာ ပြောင်းလဲမှု လက္ခဏာအား စောင့်ကြည့်နေသည်။

သူမက.. ကြောက်ရွံ့နေသည်။

သူမက သမားတော်တစ်ယောက် မဟုတ်သော်လည်း ရောဂါဘယများနှင့် သက်ဆိုင်သော ဆေးဘက်ဆိုင်ရာ စာပေများအား ဖတ်ရှုသင့်သလောက် ဖတ်ရှုဖူးခဲ့သည်။ Long Feiye မှာ သတိရမလာသေးသကဲ့သို့ ကွယ်လွန်သွားခြင်းလည်း မရှိသေးပေ။ ထိုအခြေအနေတွင် သူက အသက်ရှင်လျက် သေသူကဲ့သို့ ဖြစ်သွားနိုင်ချေရှိသည်။ တစ်နည်းဆိုရလျှင် သစ်ပင်လူသားပင်။ သို့တိုင် သူမက ၎င်းအား မတွေးဝံ့ပေ။ Gu Beiyue မှာ စစ်ဆေးပေးကာ အရာအားလုံး၏ အဆုံးသတ်အား ကြေငြာလိုက်မည်အား စိုးရိမ်သဖြင့် သူမက သူ့အားဝင်ခွင့်ပင် မပေးခဲ့ချေ။

သူမ၏ လက်တစ်ဖက်မှာ သူ၏ လက်အား ဆုတ်ကိုင်ထားကာ သူတို့၏၍ လက်ချောင်းများမှာလည်း သွယ်ယှက်နေသည်။ အခြားတစ်ဖက်မှာ သူ၏ လက်ကောက်ဝတ်ပေါ်တွင် သွေးခုန်နှုန်းစမ်းရန် ရှိနေသည်။ သူမက သူ၏ ကုတင်ဘေးတွင် ထိုကဲ့သို့ ပုံစံဖြင့်သာ နှစ်ရက်နှင့် နှစ်ညလုံး ထိုင်နေခဲ့ကာ သူမကိုယ်တိုင်ပင် ရုပ်တုတစ်ရုပ်အဖြစ် ပြောင်းသွားနိုင်လောက်သည်။ သူမက ထိုအမျိုးသားအား သဘောကျမိမှန်း အမြဲတစေ သိထားသော်လည်း သူ့အား မည်မျှနှစ်သက်လှကြောင်း မည်သည့်အချိန်မှ သတိမပြုမိခဲ့ပေ။ ယခုအချိန်တွင်တော့ သူမက သတိပြုမိသွားခြင်း ဖြစ်နိုင်သည်။

ထိုခဏတွင် သူမက အတွေးထဲတွင် နစ်မွန်းနေကာ ရှေ့ရှိ အရာအားလုံးမှာ အိပ်မက်ကဲ့သို့ ခံစားလိုက်ရသည်။ အိပ်မက်ဆိုရင်တောင်မှ ကိစ္စအားလုံးက ရုတ်တရက် ဆန်လွန်းတယ်!! သူမက ပြတင်းပေါက်ဖွင့်ကာ မီးအိမ်မှ အလင်းရောင်ဖြင့် Long  Feiye ၏ အိပ်ဆောင် ပြတင်းအား မြင်နိုင်ရန် နိုးထလာနိုင်ရန် မည်မျှ ဆုတောင်းမိနည်း။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now