အခန်း(၂၄၃)

86 18 0
                                    

အခန်း(၂၄၃)

မင်းတို့နှစ်ယောက် ခိုးပြေးဖို့ အစီအစဉ်ရှိလား။






Long Feiye မှ ဤနေရာသို့ ရောက်လာမည်ဟု Han Yunxi  မှာ မည်သည့်အချိန်ကမှ မထင်မှတ်ထားပေ။ အဲ့ဒီကောင်နဲ့ Tang Li က ရောက်နေတာ ကြာပြီလား။ မတော်တဆ ရောက်လာတာလား။ သူမ၏ ခေါင်းပေါ်မှ အေးစက်သော အငွေ့အသက်နှင့် ခါးပေါ်မှ  ဆုတ်ကိုင်ထားမှုက တင်းကျပ်လာကြောင်းသာ ခံစားလိုက်ရသည်။ Long Feiye မှာ စိတ်အခြေအနေ ဆိုးရွားနေဟန် ရှိနေသောကြောင့် သူမက သူ၏ အမူအရာအား ကြည့်ပင်မကြည့်ဝံ့ပေ။ သူမက သူ့အား မည်သည့်အရာမှ အကြွေးတင်ထားခြင်း၊ အမှားလုပ်ထားခြင်း မရှိသော်လည်း အပြစ်ရှိစိတ်အား ခံစားလိုက်ရတော့သည်။

သို့တိုင် Han Yunxi မှာ သူမ၏ ကိုယ်ပိုင်ကမ္ဘာတွင်  နစ်မြှုပ်နေစဉ် သူမ၏ နောက်တွင် ရုတ်တရက် လေတိုးသံများ ထွက်ပေါ်လာသည်။ ထန်မျိုးနွယ် လုပ်ကြံရေး လက်နက်များမှာ သေးငယ်လှသော်လည်း အသုံးပြုချိန်တွင် ဆူညံသံကင်းမဲ့သည်။ သူမ၏ အနောက်မှ အသံများမှာမူ ခက်ထန်ကြမ်းတမ်းလှကာ မြောက်များစွာသော လက်နက်ပုန်းများမှာ အလွန်အမင်း ပြင်းထန်သော အရှိန်ဖြင့် ပစ်လွှတ်ခြင်း ခံနေရသည်။ ထိုသည်အားကြားလိုက်ရလျှင် Long Feiye မှ ရောက်မလာခင် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း Han Yunxi  မှာ သတိပြုမိသွားသည်။ သူမက Jun Yixie နဲ့ ချိန်းထားတယ်ဆိုတာ သူဘယ်လို သိတာလဲ။

ထိုအချိန်တွင် Long Feiye မှာ သူမအား တံခါးအပြင်သို့ ခေါ်လာပြီ ဖြစ်သည်။ ထွက်လာသည်နှင့် သူတို့၏ နောက်ရှိတံခါးမှာ ပိတ်သွားသည်။ ထိုသည်အားကြားလျှင် Han Yunxi ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူမက Long Feiye ၏ ရင်ခွင်ထဲမှ ရုန်းကန်လိုက်ပြီး ပြန်လှည့်လိုက်သည်။ တံခါး၏ တစ်ဖက်တစ်ချက်ရှိ ပြတင်းပေါက်များမှပင် ပိတ်ထားခြင်း ခံရပြီး အရှေ့တွင် ထန်မျိုးနွယ်အစောင့်တစ်ယောက်က  စောင့်ကြပ်နေကြသည်။

ဒါက အခန်းထဲက လူတွေအားလုံးကို သေအောင် လုပ်နေတာပဲ။ ထန်မျိုးနွယ် သေခြင်းတံဆိပ်။

Han Yunxi မှာ တစ်ချက်ကြည့်ရုံဖြင့် ဘာဖြစ်နေမှန်း သိသွားတော့သည်။ ၎င်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော လုပ်ကြံရေးနည်းလမ်းပင်။ ထွက်ပေါက်များအားလုံးအား ပိတ်ထားခြင်းဖြင့် အထဲရှိသူများမှာ အပြင်မှ အစောင့်အကြပ်များ၏ ခွင့်ပြုမှု မရှိပဲ ထွက်လာရန် မျှော်လင့်ချက် မရှိတော့ပေ။ အခန်းထဲတွင် ပိတ်မိနေသည့် အစောင့်အကြပ်များမှာလည်း သူတို့ ခန္ဓာကိုယ်အား နောက်ဆုံးလက်နက်အထိ အသုံးချရင် စတေးခံကြသူများ ဖြစ်သည်။ အစောင့်များ အပါအဝင် အထဲရှိ လူတိုင်းမှာ သေရမည်ဖြစ်သည်။  ထို့ကြောင့် ထန်မျိုးနွယ် သေခြင်းတံဆိပ်မှာ လူသားလုပ်ကြံရေး လက်နက် အဖြစ်လည်း သိကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now