အခန်း(၂၂၅)

82 17 0
                                    

အခန်း(၂၂၅)

အမှန်တကယ်ရည်ရွယ်ချက်မှာ ကာကွယ်ပေးရန်။







Long Feiye  နှင့် Qinwang Rong မှာ ကိစ္စအနည်းငယ် ထပ်မံပြောဆိုနေသော်လည်း Han Yunxi မှာ မကြားနိုင်တော့ပေ။ သူတို့က ထွက်သွားသည့်အချိန်အထိ သူမက နေရာတွင် ခေါင်းငုံ့ကာ ရပ်နေဆဲဖြစ်သည်။သူမက အလွန်အမင်း စိတ်ဓါတ်ကျနေသည်။ အလွန်အမင်း စိတ်ပျက်ရမှုက သူမအား လွှမ်းမိုးထားသည်။ သူမက ခေါက်ရမ်းခြံဝန်းမှ ထွက်လာချိန်နှင့် လှည်းပေါ်တွင် ငြင်းဆန်ခံခဲ့ရချိန်၌ပင် ဤမျှ စိတ်ဓါတ်မကျခဲ့ပေ။ ဤတစ်ကြိမ်တွင်မူ..

Long Feiye… ရှင်က ဒါထက် ဘာမှ မပိုဘူးပဲ။

Long Feiye မှ ပြန်သွားပြီးနောက် အရာရှိ Ouyang မှာ Han Yunxi နှင့် Gu Beiyue တို့အား မူလအကျဉ်းခန်းထဲသို့ ပြန်ပို့လိုက်သည်။ Gu Beiyue မှာ သူမအား တစ်စုံတစ်ရာ ပြောချင်နေသော်လည်း အခွင့်အရေးမရခဲ့ပေ။ ဤအမျိုးသမီးမှာ အမြဲတစေ တောက်ပနေခဲ့သည်။ ကမ္ဘာ၏ အမှောင်မိုက်ဆုံးအချိန်တွင်ပင် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် တောက်ပနေဆဲဖြစ်သည်။ သို့တိုင် ယခုအချိန်တွင် သူမက အသက်မဲ့သွားသည့် ညလင်းပုလဲကဲ့သို့ မှေးမိန်နေသည်။ နှစ်ယောက်မှာ တစ်ယောက်က ညာဘက် နောက်တစ်ယောက်မှာ ဘယ်ဘက်သို့ ခေါ်သွားခံရသည်။ Gu Beiyue  မှာ တိတ်ဆိတ်နေသော်လည်း သူက သူမအား စိတ်ဓါတ်ကျကာ ပူပန်စွာဖြင့် လှည့်ကြည့်လိုက်သည်။ ကံမကောင်းစွာပင် Han Yunxi  မှာ သူမ၏ ကိုယ်ပိုင် ကမ္ဘာတွင် နစ်မြှုပ်နေပြီး သူ၏ တည်ရှိမှုအား မေ့လျော့နေသည်။

Long Feiye မှ သူမအား ဘေးဖယ်ထားရန် ဆုံးဖြတ်လိုက်ပြီး Gu Beiyue မှာ သူမနှင့်အတူ သံတိုင်များနောက်တွင် ပိတ်မိနေသည်။ အခု သူတို့ကို ကယ်ဖို့ ဆေးပညာသင်တန်းကျောင်းက စီနီယာကို ဘယ်လိုရှာရတော့မလဲ။ Han မျိုးနွယ်ကို ဘယ်သူက ကယ်နိုင်မှာလဲ။ အမှန်တွင် Han Yunxi မှာ သူမကိုယ်တိုင်သာမက အခြားသူများအားလည်း ကယ်တင်နိုင်သော ဝှက်ဖဲရှိနေသည်။ သို့တိုင် သူမက စတင်ချိန်ထဲက Suမားမား၏ ကိစ္စအား အသုံးချရန် စိတ်မကူးခဲ့ပေ။ သေးငယ်ညစ်ပတ်ကာ အနံ့ဆိုးများဖြင့် အကျဉ်းခန်းသို့ ပြန်ရောက်လျှင် Han Yunxi  မှာ မျက်လုံးမှိတ်ကာ အေးစက်သောနံရံအား မှီလိုက်သည်။ သူမ၏ နှလုံးသားမှာပင် အေးစက်နေသည်။ အရာရှိ Ouyang မှာ မထိမဲ့မြင်ဖြင့် ကြည့်လိုက်ပြီး သူမရှေ့တွင်ပင် အမိန့်ထုတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now