အခန်း(၃၉၅)

57 12 0
                                    

အခန်း(၃၉၅)

ဝမ်ရယ်က အံ့အားသင့်စရာ ပြင်ဆင်နေတာလား။






ဆွံ့အအဘွားအတွက် ဖြေဆေးမှာ ပစ္စည်းသုံးမျိုးသာ ပါဝင်သည်။-- မြွေနဂါးသစ်သီး၊ ဝက်ဝံမြစ်နှင့် အနီရောင်ကြာပန်းပင်။ Long Feiye ၏ လက်ထဲတွင် မြွေနဂါးသစ်သီး ရှိနေပြီး အနီရောင်ကြာပန်းမှာ မူမျိုးနွယ် ဆေးမြေပြင်တွင် ရှိနေသည်။ ဝက်ဝံမြစ် တစ်မျိုးသာ ကျန်တော့သည်။

Mu Linger ၏ မျက်လုံးများမှာ ဥာဏ်များစွာ တောက်ပလာကာ ပြုံးလိုက်သည်။ “ချီကိုကို တစ်နေ့မှာ ကျွန်မက ဆေးမိစ္ဆာတောင်ကြားက Gu Qi Sha ထက် သာလိမ့်မယ်လို့ ထင်လား။”

“အင်း။” Gu Qishao မှာ အလွန်သေချာနေသည်။

“ဟီးဟီး တစ်လောကလုံးမှာ ဝက်ဝံမြစ်တစ်ခုပဲရှိတယ်။ အဲ့တာ ဘယ်မှာလဲဆိုတာ Gu Qi Sha တောင် သိမှာ မဟုတ်ဘူး။” Mu Linger မှာ လျှို့ဝှက်စွာ ပြောလိုက်သည်။

“မင်းက ငါ့ကို မပြောဘူးပေါ့။" Gu Qishao ၏ စိတ်ရှည်မှုမှာ ကန့်သတ်ချက်သို့ ရောက်လာပြီဖြစ်သည်။

Mu Linger မှာ သူ၏ နားသို့ တိုးကပ်သွားပြီး နာမည်တစ်ခုအား တီးတိုးပြောလိုက်သည်။ “မြောက်ပိုင်းလီ ဦးရီးတော်Kang ။"

“Jun Yixie..” Gu Qishao မှာ အလွန်အမင်း အံ့အားသင့်သွားတော့သည်။ “မင်းဘယ်လို သိတာလဲ။”

Jun Yixie မှာ အတိတ်တွင် ဆေးမြို့တော်မှ လွတ်မြောက်သွားပြီးနောက် အလွန်နိမ့်ချကာ နေခဲ့သည်။ သို့တိုင် Gu Qishao မှာ သူ့အား မမေ့သေးပေ။ ထိုသူမှာ ရန်ငြိုးရှိသူ ဖြစ်ကာ သူ၏ ကိုယ်ပိုင်ဖြစ်စေ အဆိပ်ကောင်မလေးအတွက် ဖြစ်စေ သေချာစွာ ပြန်ပေးဆပ်ခိုင်းမည်။ အဆိပ်ကောင်မလေးက သူ့ကို အရမ်းပြင်းထန်တဲ့ အဆိပ်ခတ်လိုက်ပေမယ့် အဲ့တာက သူမရဲ့ ကိုယ်ရေးကိုယ်တာ လက်တုံ့ပြန်တာပဲ။ Gu Qishao မှာ သူမကိုယ်စား ပြန်၍ ဒဏ်ခတ်ရန် အချိန်ပြည့်စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

“အဲ့ဒီပစ္စည်းက အဆိပ်တစ်ရာဂိုဏ်းရဲ့ အဆိပ်မြေပြင်မှာ စိုက်ထားတယ်။ ကျွန်မက ဒီသတင်းကို မိတ်ဆွေတွေဆီကနေ ပမာဏ တော်တော်များများ သုံးပြီး ဝယ်ထားရတာ။" ဆေးပညာအသိုင်းအဝိုင်းမှ လူတိုင်းဖြင့် ရန်သူ ဖြစ်နေသည့် Gu Qishao နှင့် မတူပဲ Mu Linger မှာ ကျယ်ပြန့်သော မိတ်ဆွေသူငယ်ချင်းများဖြင့် သူတို့၏ သတင်းကွန်ယက်အား ဝင်ရောက်နိုင်လေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now