အခန်း(၃၁၆)

80 15 0
                                    

အခန်း(၃၁၆)

မင်းက သေလို့မရဘူး။ အသက်ဆက်ရှင်ရမယ်။





Han Yunxi မှာ ပြသနာများစွာအား စဉ်းစားနေသကဲ့သို့ Baili Mingxiang အား နာကျင်နေသည့် နှလုံးသားဖြင့် ကြည့်နေသည်။ Baili Mingxiang ၏ ခန္ဓာကိုယ်မှ ဆုံးဖြတ်ရလျှင် သူမက အသက်ငါးနှစ်အရွယ်မှ စကာ အဆိပ်များသောက်သုံးလာရခြင်း ဖြစ်မည်။ ဤနှစ်တွင် ထိုမိန်းကလေးမှာ အသက်နှစ်ဆယ်သာရှိသေးသည်။ အဓိပ္ပါယ်မှာ Long Feiye မှာ မိန်းမလှသွေးအား လွန်ခဲ့သော ဆယ့်ငါးနှစ်ထဲက လိုချင်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် Long Feiye မှာ ရှစ်နှစ်သာ ရှိဦးမယ်။

သူက မိန်းမလှသွေးကို ပျိုးထောင်နေတာလား။ ဒါမှမဟုတ် သူ့ရဲ့ ထန်မျိုးနွယ်က ဆွေမျိုးတွေလား။ သူက ဘာလို့ အဲ့တာကို လိုအပ်နေတာလဲ။

လွန်ခဲ့သော ဆယ့်သုံးနှစ်မှာ Long Feiye က ဆယ်နှစ်ရှိပြီ။ ဧကရာဇ်ဟောင်းကလည်း အသက်ရှိနေတုန်းပဲ။ အဲ့ဒီအချိန်တည်းက Long Feiye က ဘယ်လိုလုပ်ပြီး စစ်သူကြီး Baili ကို သူ့ဘက်ဆွဲခေါ်နိုင်ထားတာလဲ။ ဒါမှမဟုတ် စစ်သူကြီး Baili က ထန်မျိုးနွယ်နဲ့ အဆက်အစပ်ရှိနေတာလား။ Baili မျိုးနွယ်က Long Feiye ကို ဘယ်လောက်တောင် သစ္စာရှိနေတာလဲ --- ဒါမှမဟုတ် ထန်မျိုးနွယ်လား.. သူတို့ရဲ့ သမီးဖြစ်သူကို ငယ်ငယ်တည်းက ဒုက္ခခံခိုင်းရအထိလေ…....

“လေးစားရတဲ့ဝမ်ဖေး အရှင့်သားရဲ့ လက်အောက်က အဆိပ်သခင်တွေက သူတို့ပေးနိုင်သမျှ နှေးကွေးအဆိပ် အကုန်ပေးပြီးပါပြီ။ အခုအချိန်ကစပြီး ကျွန်မက လေးစားရတဲ့ဝမ်ဖေးကို Mianxiang အတွက် ဆေးညွှန်းပေးဖို့ ဒုက္ခပေးရပါတော့မယ်။" Baili Mingxiang ၏ စကားများမှာ Han Yunxi အား သူမ၏ အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။

“Long Feiye က ဘာလို့ မိန်းမလှသွေးကို လိုအပ်နေရတာလဲ။” Han Yunxi မှာ ရှေးဂန္တဝင်အဆိပ်မှတ်တမ်းရှိ သွေးမှာ ဒဏ္ဍာရီဟုသာ အမြဲတစေ တွေးထားခဲ့သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့်အရာမှာ အမှန်တကယ် တည်ရှိနေမည်ဟု သူမက မထင်မှတ်ထားပေ။

“အဲ့ဒါက လျှို့ဝှက်ချက်ပါ။"  Baili Mingxiang မှာ တည်ငြိမ်စွာ တုံ့ပြန်လာသည်။

Han Yunxi မှာ ဒေါသထွက်လာတော့သည်။ “မင်း ငါ့ကိုဖိတ်ထားပြီး အမှန်မပြောဘူး။ အဲ့ဒီလိုဆိုရင် ငါက မင်းကို ကူညီမယ်လို့ ထင်နေတာလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now