အခန်း(၂၄၀)

90 15 0
                                    

အခန်း(၂၄၀)

ရုတ်တရက် ရှင့်ကို လွမ်းမိတယ်။





သူမက Long Feiye  နှင့် တည်းခိုခန်းမှ လမ်းခွဲလာချိန်တွင် သူက ဆေးမြို့တော်တွင် တစ်ချိန်လုံး ရှိနေမည်ဟု ဆိုခဲ့သည်။ Han Yunxi မှာ အကူအညီအတွက် Long Feiye အား အရင်ဆုံး စဉ်းစားမိကြောင်း ဝန်ခံနိုင်သည်။ ၎င်းမှာ အပြည့်အဝ မျှတမှု ရှိသော်လည်း သူမက ထိုအတွေးအား ချက်ချင်းပင် ငြင်းဆန်လိုက်သည်။ Long Feiye မှာ ဆေးမြို့တော်သို့ ရောက်နေခြင်းမှာ အဆိပ်ဂိုဏ်း၏ အဆိပ်သိုလှောင်ရုံကြောင့် ဖြစ်ကြောင်း သူမက သိနေသည်။ သူက သူမအား Jun Yixie ၏ လက်မှ ကယ်တင်ခဲ့လျှင်တောင်မှ သူ၏ သရုပ်မှန်အား မဖော်ထုတ်ခဲ့ပေ။ သူက အလုပ်များနေကာ ပြသနာများထဲ ပါဝင်လိုခြင်း မရှိပေ။ ထို့အပြင် Gu Qishao အား ရှာဖွေခြင်းမှာ သူမအတွက် Luo Zuishan အားပါ ဖြေရှင်းပြီးသား ဖြစ်နိုင်သဖြင့် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်သည်။

“အဲ့တာက လျှို့ဝှက်ချက်ပဲ။ သူ့ကို မပြောနဲ့။" Han Yunxi မှာ ပြန်လည် စနောက်လိုက်သည်။

“ Jun Yixie ကို ရှာဖို့ဆို သူက ငါ့ထက်ပိုလွယ်လိမ့်မယ်လေ.. မင်းက ဘာလို့ သူ့ကို အကူအညီမတောင်းတာလဲ။"Gu Qishao မှာ ရန်စလိုက်သည်။

Han Yunxi  မှာ တည့်မတ်စွာ အဖြေပေးရန် ငြင်းဆန်နေဆဲဖြစ်သော်လည်း ပြုံးရွှင်စွာ​ပြောလိုက်သည်။ “ရှင်က ကျွန်မ ခေါ်တိုင်းလာပေးတယ်လေ။ သူကတော့… ဘယ်မှာသွားရှာမှန်းတောင် မသိဘူး။" အကယ်၍ သူက ဆေးမြို့တော်တွင် တစ်ချိန်လုံး ရှိနေလျှင်ပင် သူမက သူ့အား မည်သို့ ရှာမှန်းမသိသကဲ့သို့ မည်သည့်လူကလည်း သူ့အား ဆက်သွယ်နိုင်မည်မှန်း မသိပေ။ သူမက မထင်မှတ်ဆုံးသော အချိန်များမှသာ ထိုအမျိုးသားအား အလွန်နည်းကျဉ်းစွာသာ သိထားကြောင်း သတိပြုမိသွားသည်။ တစ်ချို့လူတွေက မင်းရဲ့ဘေးမှာ ရှိနေတာတောင် ဝေးကွာလွန်းတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ဘယ်အချိန် ခေါ်ခေါ် ရောက်လာပေးတယ်။

Gu Qishao မှာ မေးစေ့အား ပွတ်သပ်လိုက်ရင်း ထိုစကားလုံးများအား စိတ်ဝင်တစား စဉ်းစားနေသည်။ သူက စိတ်ဆိုးခြင်း မရှိသည့်အပြင် ရယ်မောကာ ပြောလိုက်သည်။ “ ငါက အဲ့ဒီစကားတွေကို သဘောကျတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now