အခန်း(၂၂၁)

94 16 1
                                    

အခန်း(၂၂၁)

မင်းရဲ့အရှင်ရဲ့ ကိစ္စတွေက မင်းနဲ့ မဆိုင်ဘူး။






Tang Li က အောင်မြင်သင့်ပြီ။

Han Yunxi မှာ Wang မျိုးနွယ် အိမ်တော်သို့ ရောက်သွားသည်နှင့် မထင်မှတ်ထားသော သတင်းအား ကြားလိုက်ရတော့သည်။

ထိုစဉ် Leng Shuang Shuang  မှာ နေရာတွင်ပင် ထိတ်လန့်ကာ ရပ်နေဆဲဖြစ်သည်။ ကြေးစားဆယ်ယောက်မှာလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်မှ စကားမဆိုဝံ့ပေ။ သူတို့၏ ဘယ်ဘက်တွင် Gu Qishao မှာ သစ်ပင်များနောက်တွင် သက်သက်သာသာ ဖုံးကွယ်နေရင်း သစ်ပင်ပေါ်တွင် ပျင်းရိစွာ အနားယူနေသည်။ သူက Long Feiye အား မည်သူက သေစေချင်နေမှန်းအား အနည်းငယ်ပင် အာရုံမရှိချေ။ ထိုအစား သူက တိမ်တိုက်ကုန်းမြေရှိ အင်အားကြီးများ စုပေါင်းကာပင် Long Feiye အား ဖိနှိပ်ရန် ရောက်လာစေချင်သေးသည်။ သူက Han Yunxi  တစ်ယောက်သာ အာရုံရှိသည်။ ထိုအပ်များမှာ ထင်ရှားစွာပင် ထန်မျိုးနွယ်မှ လာပြီး လင်းနို့ကြီးအဆိပ်မှာ ရိုးရှင်းသောအရာမဟုတ်ပေ။ အချိန်တိုအတွင်းမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်အောင် Han Yunxi က လင်းနို့ဘုရင်ကို ဘာများလုပ်ခဲ့တာလဲ။

Gu Qishao  မှာ Leng Shuang Shuang  နှင့် ကျန်လူများမှ ထွက်သွားသည်အထိ စောင့်နေပြီ မြေပြင်သို့ ဆင်းလာသည်။ သူက လင်းနို့ဘုရင်အား ဂရုတစိုက် စစ်ဆေးလိုက်သည်။ သူက မသိလိုက်သည်မှာ ညာဘက်ရှိ ခြုံနွယ်များကြားတွင် တစ်စုံတစ်ယောက်မှာ ပုန်းအောင်းနေပြီး အဖြစ်အပျက်တစ်ခုလုံးအား စောင့်ကြည့်နေသည်။ ထိုသူမှာ အခြားသူမဟုတ်ပဲ Tianning တော်ဝင်သမားတော်ခြံဝန်းမှ Gu Beiyue ပင်။ သူ၏ အာရုံအလုံးစုံမှာလည်း လင်းနို့ဘုရင်အလောင်းပေါ်တွင် ရောက်ရှိနေသည်။ Gu Qishao မှ လင်းနို့အလောင်းများအား သိမ်းဆည်းလိုက်သည်အား မြင်လျှင် Gu Beiyue ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများပေါ်လာသည်။ အဆုံးတွင် သူက နောက်ပြန်လှည့်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ ထိုကဲ့သို့ စွမ်းဆောင်ရည်မှာ အဆင့်အမြင့်ဆုံးသော ကျွမ်းကျင်ပညာရှင်များပင် မြင်ကွင်းကြောင့် မှင်သက်သွားစေနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now