အခန်း(၂၁၉)

79 19 0
                                    

အခန်း(၂၁၉)

ထောင်လွှားလွန်းသော အမျိုးသမီး။





နှစ်ဖက်မြို့တော်မှ  အဖွဲ့များမှ ဝိုင်းရံထားလျှင် Long Feiye နှင့် Han Yunxi  မှာ အသာစီးမရနိုင်တော့ချေ။ Leng Shuang Shuang  မှာ ထက်မြက်သော အမျိုးသမီးဖြစ်သည်။ သမီးတော်များမြို့တော်မှာ အေးစက်စွာသာ ကြည့်ကာ ဘာမလုပ်နိုင်သော်လည်း Long Feiye မှာ Han Yunxi အား ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ Han Yunxi  အတွက်မူ ထိုလင်းနို့များနှင့် ယှဉ်လျှင် သူမ၏ ဈေးပေါသော လှည့်ကွက်တွေက ဘာလုပ်လို့ရမှာလဲ။

Leng Shuang Shuang  မှာ သူမ ကိုယ်ထဲမှ မြင့်တက်လာသော အပူချိန်များအား ဖိအားပေးကာ တောင့်ခံလိုက်သည်။ သူမက ရပ်တည်ချက်အား ရှင်းလင်းစွာ မပြောပဲ Han Yunxi မှ ဖြေဆေးပေးကာ သူမထံ အကူအညီတောင်းလာမည်အား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ သမီးတော်များမြို့တော်မှာ မည်သည့်အချိန်ကမှ ကြောင့်ကြမဲ့မြို့တော်နှင့် အလုပ်လုပ်ကိုင်ခဲ့ခြင်း မရှိပေ။ ထို့အပြင် မြို့တော်သခင်မှာ ဈေးကြီးသော ကမ်းလှမ်းထားမှု ရရှိထားသော်လည်း Long Feiye အား သူတို့ဘက်သို့ ဆွဲခေါ်ချင်နေမှန်း သူမက ရှင်းလင်းစွာ သိထားသည်။ Long Feiye မှာ သမီးတော်များမြို့တော်နှင့် လက်တွဲရန် သဘောတူသရွေ့ သူတို့က Tianning မှ ဆုကြေးအား နှစ်ဆ ပြန်လျော်ရန်ပင် ဆန္ဒရှိသည်။

တကယ်လို့ Han Yunxi က ဦးနှောက်ရှိရင် ဘာလုပ်ရမလဲဆိုတာ သိသင့်တယ်။ သူမနဲ့ လုပ်ကြံသူဆယ်ယောက်ရှိနေရင် Qi Yaotian ကို ပြန်တိုက်ဖို့က အလွယ်လေးပဲ..။

Leng Shuang Shuang မှ စကားမဆိုသည်အား မြင်လျှင် Qi Yaotian မှာ ထပ်မံ၍ မေးခွန်းများ မေးနေခြင်း မရှိတော့ပေ။ ထိုအစားသူက Long Feiye ထံသို့ ယဉ်ကျေးစွာ လက်ဆုတ်ကာ ပြောလိုက်သည်။ “အရှင့်သားချင်ဝမ် အပြစ်ပြုမိတာကို ခွင့်လွှတ်ပါ။"

သို့တိုင် သူက လှုပ်ရှားလိုက်သည်နှင့် Long Feiye  မှာ တိုက်ခိုက်လိုက်တော့သည်။ လက်တစ်ဖက်ဖြင့် Han Yunxi အား နီးကပ်စွာ ဆွဲယူလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ကြာပွတ်အား ဝှေ့ယမ်းလိုက်သည်။ သူ၏ မြင့်မားလှသော အတွင်းအားမှာ ကြာပွတ်အား ဖြတ်သန်းသွားပြီး ၎င်း၏ ထိပ်မှာ ဓါးတစ်လက်ထက်ပင် ချွန်မြနေသည်။ ၎င်းမှာ Qi Yaotian ထံသို့ အင်အား အပြည့်ဖြင့် ဦးတည်သွားသည်။ သို့တိုင် တစ်ဖက်လူမှာ ဖြေရှင်းရန် မလွယ်ကူပဲ ချက်ချင်းပင် နောက်ဆုတ်သွားသည်။ ခဏချင်းပင် မရေတွက်နိုင်သော လင်းနို့အုပ်ကြီးမှာ Long Feiye ၏ ​မြင်ကွင်းရှေ့တွင် သိပ်သည်းစွာ ပိတ်လိုက်သည်။ ၎င်းတို့မှာ မည်သူမဆို ရူးသွပ်သွားစေနိုင်သည့် လင်းနို့နံရံကြီးအား ဖန်တီးလိုက်သည်။ ကြီးမားသောလင်းနို့အုပ်ကြီးမှာ Han Yunxi နှင့် Long Feiye တို့၏ အပေါ်မှ ဖုံးအုပ်ထားသည်။ Long Feiye ၏ ကြာပွတ်မှာ နံရံအား ထိုးဖောက်သွားပြီး လင်းနို့များမှာ ပျံ့ကျဲသွားသော်လည်း ထိုအချိန်တွင်Qi Yaotian မှာ သူတို့၏ နောက်မှ ရုတ်တရက် ပေါ်လာသည်။ သူက ယပ်တောင်ဖြင့် Han Yunxi ၏ ဦးခေါင်းအား ဦးတည်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now