အခန်း(၂၉၄)

87 22 0
                                    

အခန်း(၂၉၄)

အေးစက်တဲ့ ဝမ်ရယ်ကလည်း နွေးထွေးတဲ့ နှလုံးသား ရှိပါတယ်။





ဆက်ပြီးတော့….

သူက အခြားသူများ ရှေ့၌ပင် လွှမ်းမိုးနေသည်။ Han Yunxi မှာ လတ်ဆတ်သောလေအား အကြိမ်အနည်းငယ်သာ ရှူရှိုက်ရသေးပြီး သူ၏ ယောကျာ်းဆန်သော ကိုယ်သင်းရနံ့၏ လွှမ်းခြုံခြင်း ခံလိုက်ရပြန်သည်။ သူက ရုတ်တရက် နမ်းရှိုက်လာပြန်သောကြောင့် သူမက အတွေးပင် မတွေးနိုင်ချေ။ ယခုအချိန်တွင် သူမ၏ စိတ်တွင် ဗလာဟင်းလင်းသာ ဖြစ်နေသည်။ ဤဒုတိယအနမ်းမှာ ပထမအကြိမ်ကကဲ့သို့ ကြမ်းတမ်းခြင်း မရှိသော်လည်း ပြင်းပြကာ ပူနွေးသည်။ အနမ်းပိုင်ရှင်မှာ မည်သည့်အချိန်မှ လုံလောက်နိုင်မည် မဟုတ်သကဲ့သို့ အနမ်းအား အဆုံးမရှိစွာ နက်ရှိုင်းစေလိုဟန်တူသည်။

Long Feiye ၏ လက်ထဲရှိ ဓါးဦးချွန်မှာ မြေပြင်တွင် ထိနေပြီး အခြားလက်တဖက်မှာ Han Yunxi အား ထိန်းကိုင်ထားသည်။ သူ၏ ဘယ်လက်မှာ လတ်တလောမှ အစုလိုက်အပြုံလိုက် လူသတ်ထားမှုကြောင့် ခက်ထန်လှသော်လည်း ညာလက်မှာ ပြင်းပြသော ဆန္ဒ၏ သက်သေအား ဆုတ်ကိုင်ထားသည်။ လူသတ်သမားများ၏ အလယ်တွင် ရပ်နေသောသူမှာ ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုဖြစ်လေသည်။

သို့တိုင် Mu Yingdong မှာ ထပ်မံ၍ သည်းခံကာ ကြည့်မနေနိုင်တော့ပေ။

Long Feiye မှာ အလွန်အမင်းပင် လွန်လွန်းနေပြီ ဖြစ်သည်။ Long  Feiye မှာ မူအိမ်တော်ထဲသို့ ချိုးဖောက်ဝင်လာရောက်လာကာ သူ၏ လက်အောက်ငယ်သားများအား သတ်ဖြတ်ရုံမက မူမျိုးနွယ်၏ အစောင့်အကြပ်များအား ဤကဲ့သို့ နည်းလမ်းဖြင့် အထင်အမြင်သေးနေသည်။ ဒါက သူ့ကို အရှက်ခွဲနေတာပဲ မဟုတ်ဘူးလား။

“တစ်ယောက်ယောက် အစောင့်တွေ အားလုံးကို ခေါ်လိုက်။ တကယ်လို့ အရှင့်သားချင်ဝမ်က ဒီနေရာမှာ ချစ်တင်းနှောချင်ရင် ငါတို့က သေချာ ဖြည့်ဆည်းပေးရမှာပေါ့။" Mu Yingdong ၏ အော်သံမှာ နေရာရှိ အစောင့်များသာမက Long Feiye မှာလည်း ကြားနိုင်သည်။ သို့တိုင် Long Feiye မှာ သူ၏ အနမ်းအားသာ အာရုံရှိနေပြီး လှုပ်ရှားမှုမှာ နူးညံ့လာသော်လည်း ဆက်လက်နမ်းရှိုက်နေဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူက Mu Yingdong အား ဂရုစိုက်ရန် စိတ်အခြေအနေမဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now