အခန်း(၃၄၂)

65 12 0
                                    

အခန်း(၃၄၂)

Beiyue … မင်း တစ်ယောက်ပဲ ကျန်တော့တယ်။






သူမ၏ အပြုအမူမှာ  ချင်ဝမ်အား စိတ်ဆိုးစေမည်ဟု Zhaoမားမားမှာ ပြောဆိုနေသည်။

ဒါပေမယ့် သူက ဘာလို့ စိတ်ဆိုးရမှာလဲ။ Han Yunxi မှာ အနည်းငယ် အံ့အားသင့်နေသည်။ အကယ်၍ သူမက Zhao မားမား၏ ဆိုလိုရင်းအား နားမလည်ဟု ဆိုလျှင် လိမ်နေခြင်းပင်။ အမျိုးသမီးများမှာ ခံစားချက်များနှင့် ပတ်သက်လာလျှင် အမျိုးသားများထက် အမြဲတစေ ထိရှိလွယ်ကာ Han Yunxi ကဲ့သို့ ထက်မြက်သော အမျိုးသမီးဆိုလျှင် ပြောစရာပင်မလိုတော့ချေ။ Zhaoမားမားမှ ပြောရန် ကြိုးစားနေသည့်အရာအား သူမက သိသော်လည်း ထိုစကားများအတွက် ယုံကြည်ချက်မရှိပေ။ သူမ၏ ကြည်လင်နေသည့် မျက်လုံးများမှာ ပုတ်ခတ်လိုက်ပြီး Zhaoမားမားအား စကားတစ်ခွန်းမဆိုပဲ တိတ်ဆိတ်စွာ ကြည့်နေသည်။

သူမ၏ သခင်မဖြစ်သူမှာ သဘောမပေါက်သေးဘူးဟု ယူဆကာ Zhao မားမားမှာ သက်ပြင်းချကာ တိုက်တွန်းလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး အမျိုးသားနဲ့ အမျိုးသမီးက တစ်ယောက်နဲ့တစ်ယောက် တရင်းတနှီးမနေသင့်ပါဘူး။ ဒါ့အပြင် အခြေအနေတွေကလည်း ရှိနေပါတယ်။ အရှင့်သားချင်ဝမ်က အိမ်တော်မှာ မရှိပဲ ဝမ်ဖေးက အမျိုးသားတစ်ယောက်ကို  အချိန်အကြာကြီး နေခွင့်ပေးထားပါတယ်။ ဝမ်ဖေးက ကိုယ်တိုင်တောင် ဂရုစိုက်ပေးလိုက်သေးတယ်။ အဲ့တာက လုံးဝကို မသင့်တော်ပါဘူး။ တကယ်လို့ ဒီသတင်းက ပျံ့သွားရင် တော်ဝင်သမားတော်Gu၊ အရှင့်သားနဲ့ ဝမ်ဖေးတို့ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေပါလိမ့်မယ်။"

သို့သော် Han Yunxi မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ “အဲ့ဒီလိုလား..” Zhaoမားမားက အဲ့တာကို ဆိုလိုတာပေါ့.. ငါက ထင်လိုက်တာ…"

Zhao မားမားမှာ အပြည့်အဝပင် နားမလည်နိုင်ဖြစ်နေသည်။ “အဲ့တာကအရမ်း အရေးကြီးပါတယ်။ ဝမ်ဖေးက ဘာလိုချင်နေလို့လဲ။"

Han Yunxi မှာ သူမ၏ ဝတ်ရုံအား ဆုတ်ချေကာ တိုးညင်းစွာ ပြောလိုက်သည်။ “ကျွန်မက ထင်တာ သူစိတ်ဆိုးတာ…”

“ဘာကြောင့်လဲဆိုတော့ အပြစ်လုပ်တယ်လို့ ယူဆလို့။" Zhaoမားမားမှာ သခင်မဖြစ်သူ၏ စကားကြောင့် အနည်းငယ် နားမလည်နိုင်ဖြစ်နေတော့သည်။ သူမက ထက်မြက်ပေမယ့် နှလုံးသားရေးရာကိစ္စတွေမှာ ဘာလို့ ဒီလောက် မသိနားမလည်ရတာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now