အခန်း(၃၁၄)

79 18 0
                                    

အခန်း(၃၁၄)

ဘုရင်တစ်ပါး၏ နှုတ်မိန့်တော်။ ချင်ရဲ့ တေးသွားက မင်းရဲ့ စကားသံလိုပဲ။





Han Yunxi နှင့် Long Feiye တို့မှ မြင်းလှည်းပေါ်မှ ဆင်းလာသည်အား မြင်သည်နှင့် Mu Linger မှာ  Han Yunxi အား တားဆီးတော့သည်။ Han Yunxi မှာ Long Feiye ၏ အသွင်အပြင်ကြောင့် ဆွဲဆောင်ခံရသော မရေမတွက်နိုင်သည့် အမျိုးသမီးများအား တွေ့ခဲ့ဘူးသော်လည်း သူ၏ တည်ရှိနေခြင်းအား မရှိသကဲ့သို့ သဘောထားနေသူအား ပထမဆုံး တွေ့ရခြင်းဖြစ်သည်။

“Han Yunxi  ငါ့ရဲ့ ချီကိုကိုက ဘယ်မှာလဲ။" Mu Linger မှာ တည့်တိုးသာ မေးလာသည်။ သူမက ချီကိုကိုအတွက် မြို့တော်တွင် တစ်ချိန်လုံး နေထိုင်နေခဲ့သည်။ သူက Han Yunxi အတွက် သူမအား လက်တုံ့ပြန်မည်ဟုပင် ယူဆထားသော်လည်း ပေါ်မလာခဲ့ပေ။ သူမ၏ ဖခင်ဖြစ်သူမှ သူမအား ချင်ဝမ်အိမ်တော်မှ ပြန်ရွေးလာချိန်တွင် သူမက အနီးဆုံးရှိ တည်းခိုခန်းတွင် တည်းနေခဲ့ကာ ပစ်မှတ်အား တွေ့နိုင်ရန် အိမ်တော်အား စောင့်ကြည့်နေခဲ့သည်။ သို့တိုင် ကံမကောင်းစွာဖြင့် သူမက အကြိမ်တိုင်း စိတ်ပျက်ခဲ့ရသည်။

“မင်းကို ချီကိုကို ကို ငါ့ဆီ အပ်ထားတာမှ မဟုတ်တာ ငါက ဘယ်လိုလုပ် သိမှာလဲ။"  Han Yunxi မှာ ပြုံးရွှင်ကာ ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။

Mu Linger မှာ စကားမဆိုနိုင်ဖြစ်သွားပြီးမှ မေးမြန်းလိုက်သည်။ “ချီကိုကိုက နင့်ကို လာမရှာဘူးလား။"

ဒီအရူးမလေးကတော့… ဒီလိုမေးခွန်းမျိုးကို တကယ်ပဲ Long Feiye ရှေ့မှာ မေးရသလား။

တကယ်လို့  Gu Qishao က လာရှာရင်တောင် သူမက ဒီနေရာမှာ ဝန်ခံမှာ မဟုတ်ဘူး။  Mu Linger မှာ Long Feiye အား လေကဲ့သို့ မရှိသလို သဘောထားနေသည်။ Long Feiye မှာ Han Yunxi အား လက်မှ ဆွဲကာ ရှေ့ဆက်လျှောက်သွားသည်။ သို့တိုင် Mu Linger မှာ အမှန်တကယ်ပင် သူ့အား လမ်းပိတ်ဝံ့လေသည်။

“ရှင် ချီကိုကို ကို ဒဏ်ရာရအောင်လုပ်ထားတယ်။" သူမအဖေမှာ မူအိမ်တော် ဝါးရုံတော၏ အနောက်ဘက် ခြံဝန်းမှ ကိစ္စများအား သူမထံ မေးမြန်းခဲ့သည်။ ထိုသို့ဖြင့် Long Feiye မှာ ချီကိုကိုအား ရေကန်ထဲသို့ ကန်လိုက်ကြောင်း သိလာရခြင်း ဖြစ်သည်။ အမှန်တွင် သူမ၏ ဖခင်ဖြစ်သူမှာ ဝါးရုံတောများနောက်ကွယ်တွင် သူမ၏ လှုပ်ရှားမှုများအား အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သို့သော် သူမက မသိခဲ့ပေ။ သူမက Gu Qishao နှင့် ပတ်သက်သော အကြောင်းအရာများနှင့် သူ့အား နှစ်သက်သည်ဆိုခြင်း အထိပါ ဖခင်ဖြစ်သူအား ပြောပြခဲ့သည်အထိ ရိုးအသူဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now