အခန်း(၂၃၉)

88 15 0
                                    

အခန်း(၂၃၉)

မင်းရဲ့ ခင်ပွန်းသိရဲ့လား။





“လေးစားရတဲ့ဝမ်ဖေး.. ဝမ်ဖေး.." Gu Beiyue မှာ သူမ နောက်သို့ လိုက်သွားသော်လည်း ဘာပြောရမှန်း မသိတော့ချေ။

“ကျွန်မ ကရွေးချယ်စရာမရှိအောင် ဖိအားပေးခံရတာလေ.. ဒါပဲ။" သူမက ပုခုံးတွန့်ကာ ခေါင်းငုံ့လိုက်သည်။
Gu Beiyue မှာ သူမ၏ လက်ရှိ အခြေအနေအား ရယ်ရမလား ဒေါသထွက်ရမလား မသိတော့ချေ။ ဤအမျိုးသမီး၏ အဆိပ်စွမ်းရည်မှာ ဖိနှိပ်၍ မရနိုင်ပဲ သူမက လူနာများအား အမြဲတစေ တစ်ရာရာခိုင်နှုန်း လေးနက်မှု အပြည့်ဖြင့် စေ့စပ်သေချာစွာ ကုသပေးခဲ့သည်ဟု သူက အမြဲတစေ ခံစားခဲ့ရသည်။ သူမက အခုလို အရှက်မဲ့စွာ ပြုမူနိုင်မည်လို့လည်း ဘယ်သူက ထင်မှာလဲ။ သူမက ဆေးပညာသင်တန်းကျောင်းရဲ့ အကြီးအကဲ နှစ်ယောက်နဲ့ တတိယအကြီးအမှူးကို ဒီလောက်အရေးကြီးတဲ့အရာနဲ့ အရူးလုပ်ခဲ့သည်။ ကိုယ်တိုင်လည်း သမားတော်တစ်ယောက်အနေဖြင့် Gu Beiyue မှာ လူထုအား လိမ်ညာသူများအား မုန်းတီးသော်လည်း Han Yunxi ၏ တိတ်ဆိတ်နေပုံအားကြည့်ရင်း သူ၏ မျက်လုံးများမှာ သူမအား ခွင့်လွှတ်နိုင်စွာ နှစ်သက်သော အလင်းရောင်များ တိုးဝင်လာသည်။

“ကံကောင်းတာက ကျွန်မက အချိန်နှစ်ရက် ယူနိုင်ခဲ့သေးတယ်။" Han Yunxi  မှာ ခေါင်းငုံ့ထားသော်လည်း သူမ၏ အသံမှာ ခိုင်မာလှသည်။ Gu Beiyue ၏ နှစ်သက်ရိပ်များ လွှမ်းနေသည့် အကြည့်များမှာ နက်ရှိုင်းသွားပြီး အကူအညီမဲ့ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သတိလက်လွတ်ဖြင့် သူက သူမ၏ ခေါင်းလေးအား ပွတ်ပေးရန် လက်ဆန့်တန်းလိုက်သော်လည်း တဝက်တပျက်တွင်သာ ရပ်လိုက်သည်။ Han Yunxi မှာ ခေါင်းငုံ့ထားဆဲဖြစ်ကာ သူက လျင်မြန်စွာ လက်အား နောက်ပြန်ဆုတ်လိုက်သည်။ ထိုကဲ့သို့ အရှိန်မှာ သာမာန် ကျွမ်းကျင်သူများအတွက် မဖြစ်နိုင်သော်လည်း သူက အသံမထွက်စေပဲ မြင်ရရန် မဖြစ်နိုင်ပေ။ သူက ထိုလက်များအား ကျောနောက်တွင်  ဆုတ်ထားလိုက်ပြီး အခြေအနေ၏ လေးလံမှုနှင့် အကူအညီ ကင်းမဲ့နေခြင်းကြောင့် Gu Beiyue မှာ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်သည်။ ထိုသို့သော Gu Beiyue မှာ သူ၏ စာပေပညာရှင်ကဲ့သို့ အမြဲတစေ တည်ငြိမ်သပ်ရပ်နေမှုများ ကင်းမဲ့နေကာ အခြားတစ်ယောက်ကဲ့သို့ပင်။ သူက အလေးအနက်နှင့် တည်ငြိမ်သော လူတစ်ယောက် ဖြစ်နေသည်။ Han Yunxi မှာ ထိုအခြင်းအရာ တစ်ခုမှ သတိမပြုမိသော်လည်း တစ်ချိန်လုံး နောက်မှ စောင့်ကြည့်နေသည့် Long Feiye  မှာ  အရာအားလုံးအား ရှင်းလင်းစွာ မြင်လိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now