အခန်း(၃၇၂)

54 15 0
                                    

အခန်း(၃၇၂)

ဒါဆိုလည်း ခြေထောက်သုံးမယ်။






ရုတ်တရက် ဘယ်သူက စိတ်အားထက်သန်မှုကို ဖမ်းဆုတ်လိုက်တာလဲ။

ပြီးတော့ အဲ့ဒီစိတ်အားထက်သန်မှုကို တွန်းထုတ်လိုက်တာကကော ဘယ်သူလဲ။

တိတ်ဆိတ်သောညတွင် အဝေးမှ လူအုပ်၏ ဆူညံသံများမှာ မှေးမိန်ကာ ဝေဝါးသော လေထုအောက်တွင် ကျန်ခဲ့လေသည်။ ဖျော့တော့သည့် လရောင်အောက်တွင် အတွေးနှင့် ခံစားချက်များမှာ မညီမညာဖြင့် ရှုပ်ထွေးနေသည်။

ပျံ့နှံ့လာသော အနမ်းမှာ သူမ အရေပြားတစ်လျှောက် အဆက်မပြတ်စီးဆင်းနေကာ နောက်တွင် ရှိနေသော ကြီးမားသည့် ပုံရိပ်၏ ဖိနှိပ်လွှမ်းမိုးမှုမှာလည်း ပြင်းထန်သထက် ပြင်းထန်လာသည်။ Han Yunxi မှာ မထိန်းချုပ်နိုင်ပဲ ခေါင်းအား မော့ကာ ခံစားချက်များ ပြည့်လျှံနေပြီး ညကောင်းကင်မှ တောက်ပသော လရောင်အား ကြည့်လိုက်သည်။

“Long Feiye.. မလုပ်..” သူမက သတိလက်လွှတ် ခေါ်လိုက်ခြင်း ဖြစ်သော်လည်း ထို မလုပ် ဆိုသော စကားတစ်ခွန်းမှာပင် အဆက်မပြတ်သော အရှိန်အား ချိုးဖြတ်နိုင်သည်။ တစ်ခဏအတွင်း သူက သူမအား လွှတ်ပေးကာ နောက်ဆုတ်လိုက်သည်။ ကောင်းကင်နှင့် ငရဲ၏ ကွာခြားချက်မှာ ပုံမှန်အားဖြင့် သေးငယ်သော ခြေလှမ်းတစ်လှမ်းသာဖြစ်သည်။ Han Yunxi ၏ ခေါင်းမှာ ချက်ချင်းပင် ကြည်လင်သွားတော့သည်။ နှလုံးသားမှာ ခုန်ပေါက်နေကာ သူမက နောက်လှည့်မကြည့်ဝံ့ပဲ နေရာတွင် ရပ်နေလေသည်။

ဘုရားရေ.. သူ အခုဘာလုပ်ခဲ့တာတုန်း။ ဒါက အများပိုင် လမ်းပေါ်မှာလေ!!! သူမက ရှေးရိုးဆန်လွန်းသူ မဟုတ်သော်လည်း အကျင့်ပျက်နေသည့် လူတစ်ယောက် မဟုတ်ပေ။ တကယ်လို့ သူတို့က အခုသာ မရပ်မိရင် သူ့ရဲ့ အနမ်းတွေက ဘယ်နေရာ ရောက်မှ ရပ်မှာလဲ။ ထိုသို့ တွေးမိလျှင် Han Yunxi ၏ နားရွက်များနှင့် လည်တိုင်မှာ မီးလောင်နေသကဲ့သို့ နီမြန်းလာတော့သည်။ Long Feiye ၏ မွေ့လျော်နေသော မျက်လုံးတွင်းမှ အကြည့်များမှာ အေးစက်မှုများ ဝင်ရောက်လာပြီးနောက် ကသိကအောက်ဖြစ်နေသည့် အရိပ်အငွေ့များ ထားခဲ့လေသည်။ သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ အလွန်အမင်း မြင့်မားလှသည်ဟု သူက အမြဲတစေ ယူဆထားသော်လည်း အစောတွင်ပင် တစ်စစီ ကြေမွလုနီးပါး ဖြစ်သွားခဲ့သည်။ သူက ထိုကဲ့သို့ ပြုမူမိသော ကိုယ့်ကိုကိုယ်အား မနှစ်မြို့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now