အခန်း(၂၂၃)

88 12 0
                                    

အခန်း(၂၂၃)

အာဏာရှင်။





Ascites ခံစားနေရသည့် လူများမှာ အမျိုးမျိုးသော ရောဂါအကြောင်းအရင်းခံများကြောင့် တဖြည်းဖြည်း ပိန်ကျလာကြသည်။ ထိုသို့ဆိုလျှင် Long Tianmo မှာ မည်ကဲ့သို့ ခုနစ်နှစ်မျှ အသက်ရှင်နိုင်မည်နည်း။ အကြီးအကဲXi ၏ ဆေးစစ်ချက်မှာ မေးခွန်းထုတ်စရာ အချက်များစွာရှိနေသည်။ ၎င်းမှာ စီရင်ဆုံးဖြတ်နိုင်မှု ကင်းမဲ့နေသည်။ သို့တိုင် သူက Han Yunxi နှင့် Gu Beiyue အား စကားတစ်ခွန်းတည်းဖြင့် အသာစီးယူလိုက်သည်။

ရဲတင်း ယုံကြည်အချက်အပြည့်ဖြင့် အကြီးအကဲXi မှ တုံ့ပြန်လိုက်သည်။ “မင်းက အဖြစ်များတဲ့ Ascites အကြောင်းကို ပြောနေတာပဲ။ အရှင့်သားအိမ်ရှေ့စံက တွေ့ရခဲတဲ့ နာတာရှည် Ascites ကို ခံစားနေရတာပဲ။ အဲ့တာက တဖြည်းဖြည်း ကြီးထွားလာပြီး ကိုယ်ဝန်နဲ့တူလာတာပဲ။ အဲ့တာက အတိအကျပဲ ချင်ဝမ်ဖေးက ဆေးစစ်ချက်မှားပြီး အဆိပ်သုံးပြီး ကုသခဲ့တာက ရောဂါရဲ့ သဘာဝကို ပြောင်းလဲသွားစေတာပဲ။ တကယ်လို့ ဒီအဘိုးကြီးက အချိန်မီရောက်မလာရင် အရှင့်သား အိမ်ရှေ့စံရဲ့ အသက်က .. အဆုံးသတ်သွားပြီပဲ။”

အကြီးအကဲXi မှာ အမှန်တရားများကဲ့သို့ သေချာစွာ ပြောနေသည်။ Han Yunxi မှာ မထိန်းချုပ်နိုင်ပဲ အေးစက်စွာသာ ပြုံးလိုက်သည်။ သူမက Ascites အမျိုးအစား သုံးမျိုးသာ ကြားဖူးခဲ့သည်။ --- Tansudative [ T/N :: လူနာရဲ့ SAAG Level က 1.1g/dL ကျော်သွားတဲ့ အခြေအနေ] , Excudative [T/N :: လူနာရဲ့ SAAG Level က 1.1 g/dL ထက်နိမ့်ဆင်းသွားတဲ့အခြေအနေ] နှင့် hemoperitoneum [ T/N :: ကိုယ်တွင်းသွေးယိုစိမ့်မှု အခြေအနေ] တို့ဖြစ်သည်။
[ T/N :: SAAG::: Serum ascites albumin gradient ဆိုတာက portal hypertension တည်ရှိမှုကို သတ်မှတ်ပေးပါတယ်။ Ascites ဖြစ်ရတဲ့ အကြောင်းအရင်းကို ဆုံးဖြတ်ပေးတာပါ။ Portal Hypertension (g/dL) ဆိုတာက အဓိက သွေးပြန်ကြောစနစ်မှာ ဖိအားများနေခြင်းပါ။ အသည်းကို ဦးတည်တဲ့အဓိက သွေးပြန်ကြောမှာ ဖြစ်နေတာကို ပြောတာပါနော်။]

သူမက နာတာရှည် Ascites ဆိုသည်အား ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သည်ပုဂ္ဂိုလ်က ကိုယ်ပိုင် ဆေးပညာသင်တန်းကျောင်းကို ဖွင့်လှစ်ထားတဲ့ ရှေ့ဆောင်အကြီးအမှူးသမားတော်…. အပိုတွေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now