အခန်း(၂၉၀)

79 15 0
                                    

အခန်း(၂၉၀)

ကောင်းပြီ။ ငါက သူလာတဲ့ အထိစောင့်မယ်။





Wang Ruochen ၏ စကားများမှာ လွယ်ကူပေါ့ပါးသော်လည်း အသေးလေး၏ ပါးစပ်ထဲမှ ရွှေကတ်အား ယူရန် မည်သို့ လွယ်ကူမည်နည်း။ သူက ရေခဲအလှလေးအား ကျေနပ်သွားစေရန် စကားလုံးချိုသာစွာ သုံးစွဲနေခြင်း ဖြစ်ကြောင်း လူတိုင်းမှာ ပြောနိုင်သည်။ ထို့အပြင် သူက ရွှေကတ်အား ယူလိုက်နိုင်လျှင်ပင်ပိုင်ရှင်ဖြစ်သူမှ လာရောက်ကာ ထိုမိန်းကလေးအား တောင်းပန်စေနိုင်ရန် မသေချာပေ။ နည်းလမ်းကျစွာပြောရလျှင် ဆေးပစ္စည်းအသင်းမှာ ကောင်းမွန်စွာ စောင့်ကြပ်ခြင်း မရှိသော အစောင့်များအားသာ အပြစ်တင်သင့်သည်။

သဘာဝကျစွာပင် မေးခွန်းထုတ်နေသည့် ရေခဲအလှလေးမှာ Wang Ruochen မှ သူမအား စိတ်ကောင်းဝင်လာစေရန်ကြိုးစား ချော့မော့နေခြင်းဖြစ်ကြောင်း သိနေသည်။ သို့သော် ယနေ့တွင် သူမက အလွန်အမင်း စိတ်ဆိုးနေသည်။ Wang Ruochen မှာ စာပေပညာရှင်ကဲ့သို ပြုမူနေလျှင် သူမက ပို၍ ဆိုးရွားစွာပင် ခံစားလိုက်ရပြီး ဤကိစ္စအား တွက်ကပ်နေရန် ဆုံးဖြတ်လိုက်တော့သည်။ သူမက စိတ်ထဲတွင် တွက်ချက်နေလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ “ကောင်းပြီ.. အဲ့တာကို ယူပြီး စစ်ဆေးပေး။"

Wang Ruochen မှာ သူ၏ ပရိသတ်များကြားတွင် ယပ်တောင်အား ပိတ်ကာ အမိန့်ပေးလိုက်သည်။  “လာကြ သူ့ကို ဖမ်းလိုက်ကြ..”

သူက တကယ်လုပ် ချင်နေတာလား။ Chu Qingge  မှာတစ်ဖက်သို့ နောက်ဆုတ်သွားပြီ လက်ပိုက်ကာ ကြည့်နေသည်။ သူမက ထိုတိရိစ္ဆာန်လေးအား ဖမ်းဆီးနိုင်ရန် ယုံကြည်ချက်ရှိနေသော်လည်း လက်ချောင်းတစ်ချောင်းပင် မြှောက်ကာ ကူညီမည် မဟုတ်ပေ။ အသေးလေးမှာ ပထမအစောင့်၏ ခေါင်းပေါ်တွင် ထိုင်နေပြီး လူအုပ်အား အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သူတို့က နောက်ထပ် မည်သည့်အရာ ပြုလုပ်ရန် ကြံစည်နေသည်ဖြစ်စေ သူက မကြောက်ပေ။ အစောင့်အကြပ်အချို့မှာ အသေးလေး၏ ထူးချွန်သော စွမ်းရည်အား မြည်းစမ်းထားဖူးပြီ ဖြစ်သော်လည်း Wang Ruochen ၏ အမိန့်ကြောင့် ဖမ်းဆီးရန် ရောက်လာကြပြန်သည်။ ဆေးပစ္စည်းအသင်းမှ ​​အစေခံတိုင်းမှာ တတိယသခင်လေး Wang Ruochen ၏ အကျင့်စရိုက်အား နားလည်ထားကြသည်။ သူက ပေါ့ပါးဟန်ဖြင့် ဟန်ဆောင်ပြုမူရာတွင် ကျွမ်းကျင်လှကာ သူတို့က မလုပ်ချင်လျှင်ပင် ဖိအားပေးခံရမည်ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now