အခန်း(၂၁၆)

88 17 0
                                    

အခန်း(၂၁၆)

မင်းရဲ့အရှင်နဲ့အတူ ခရီးလိုက်ခဲ့။





မယ်တော်ကြီးမှာ တော်ဝင်အမိန့်တော်အား  Murong Wanru ၏ ဇာတိသို့ ပို့ချင်နေသည်။ သို့သော် Murong Wanru ၏ မိသားစုဝင်များအား ကြင်ယာတော်ကြီး Yi မှာ ဖယ်ရှားခဲ့ပြီးဖြစ်သည်။ မဟုတ်သေး​ပေ… အတိအကျဆိုရလျှင် Murong Wanru ၏ အိမ်မှာ တခြားမဟုတ်ပဲ တော်ဝင်မိသားစုပင်။ မယ်တော်ကြီး၏ ပုံမှန်နှင့် မတူသော လုပ်ဆောင်ပုံများမှာ ကြင်ယာတော်ကြီး Yi နှင့် Han Yunxi အား သတိပြုမိစေသည်။ ယောက္ခမနှင့်ချွေးမမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပရိယာယ်အား နားလည်လိုက်သည်နှင့် ထိတ်လန့်သွားကြသည်။

ဒီမယ်တော်ကြီးက ပင့်ကူမျှင်နဲ့ မြင်းလမ်းကို ရှာတွေ့သွားတာပဲ။ ဒါဆိုရင် ဒီနေ့ သူမက ကြင်ယာတော်ကြီး Yi ကို စမ်းသပ်ဖို့ ရောက်လာတာလား။

ထိုကဲ့သို့ စမ်းသပ်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကြင်ယာတော်ကြီး Yi ကိုယ်တိုင်ထက် မည်သူမျှ ထိတ်လန့်နိုင်မည်မဟုတ်သော်လည်း သူမက ကိုင်တွယ်ရန် လွယ်ကူသည့်သူ မဟုတ်ပေ။ သူမ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း မျက်နှာတွင် စိတ်မအေးမှုက အရိပ်အယောင်မျှပင် မပေါ်ချေ။ သူမက မေးခွန်းအား စိတ်ရှုပ်ခံကာ ပြန်ဖြေမနေပဲ ပြန်လည်၍ မေးခွန်းထုတ်လိုက်သည်။ “Wanru က အခုဆိုရင် မြို့ဝန် Pingbei အိမ်တော်က လူဖြစ်နေပြီ။ တော်ဝင်အမိန့်တော်ကို သူမ ဇာတိ ပို့တာက မသင့်တော်ဘူးမလား။"

သို့သော် ပြန်လည် တုံ့ပြန်ရာတွင် မယ်တော်ကြီးမှာ ပို၍ပင် ထက်မြက်သေးသည်။ “ငါကလည်း အဲ့ဒီလို စဉ်းစားမိပါတယ်။ ဒါပေမယ့် ဧကရာဇ်က ခေါင်းမာနေတယ်လေ။ ဧကရာဇ်မှာလည်း တွေးထားတာရှိမှာပေါ့။ ဒါ့ကြောင့် ငါက သူ့ရဲ့ အတွေးကို မဆန့်ကျင်တော့ဘူး။"

ဧကရာဇ် Taihui ရဲ့ ​အတွေး……

Han Yunxi  မှာ ထိုစကားများကြောင့် ပို၍ပင် အံ့အားသင့်သွားသည်။ ဧကရာဇ်နှင့် မယ်တော်ကြီးမှာ Murong Wanru နှင့် ပတ်သက်၍ တစ်စုံတစ်ရာအား သိလာကြောင်း သူမက သေချာသွားနိုင်ပြီ ဖြစ်သည်။ တကယ်လို့ သူတို့ကသိထားတာ မရှိရင်လျှင်တောင် တစ်စုံတစ်ရာအား သံသယဝင်နေသည်။ မဟုတ်လျှင် ဒီနေ့တွင် မယ်တော်ကြီးမှာ ဤကဲ့သို့ စကားများအား ပြောင်ပြောင်တင်းတင်း ပြောဆိုလာမည်မဟုတ်ပေ။ ဒါက သူတို့အား စကားနှိုက်နေခြင်း မဟုတ်ပဲ ခြိမ်းခြောက်နေခြင်းဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now