အခန်း(၃၇၈)

51 13 0
                                    

အခန်း(၃၇၈)

ချင်ဝမ်၏ အလွဲသုံးစားလုပ်မှု။






Han Yunxi တို့မှာ အကောက်ခွန်ဝန်ကြီးဌာနမှ ငွေများ ရောက်မလာခင် သတင်းဆိုး အချို့အား လက်ခံလိုက်ရသည်။ တိုင်းပြည်တစ်ဝှမ်းတွင် ချင်ဝမ်မှာ ဘေးသင့်ဒေသများမှ အငတ်ဘေးအား ဖြေရှင်းရန် မစွမ်းဆောင်နိုင်ဟု ကောလဟာလများ ပျံ့နှံ့နေသည်။ ထို့အကြောင်းကြောင့် သူက ဒုက္ခရောက်နေသော ဒေသများသို့ တန်းတန်းမတ်မတ်သွားမည့်အစား လမ်းတွင်လှည့်ပတ်သွားလာနေသည်ဟူ၍ပင်။ ထိုသတင်းများမှာ ဘေးသင့်ဒေသများတွင် အဆိုးရွားဆုံး ဖြစ်နေသည်။ ထို့အပြင် ချင်ဝမ်မှာ ပရဟိတ လေလံပွဲမှ ရန်ပုံငွေများအား အလွဲသုံးစား ပြုလုပ်နေသည်ဟုပင် အပုတ်ချသော သတင်းများထွက်ပေါ်လာသည်။ သူက ငွေများဖြင့် စပါးဝယ်ရမည့်အစား လမ်းတွင် ချင်ဝမ်ဖေးအတွက် အလွန်များပြားသည့် စရိတ်စကများပေးဆောင်ကာ သောက်စားပျော်ပါးနေသည်ဟူ၍ပင်။

ထိုသတင်းကြောင့် Han Yunxi ၏ နှုတ်ခမ်းများမှာ မရပ်တန့်နိုင်ပဲ တွန့်သွားတော့သည်။ သူတို့က ကောလဟာလတွေ လွှတ်ဖို့ မစောင့်နိုင်တော့ဘူးလား။ ပရဟိတ လေလံပွဲမှ ရန်ပုံငွေ စုစုပေါင်း ငွေချောင်း ၇,၄၀၀,၀၀၀ ရရှိခဲ့ပြီး ၅,၀၀၀,၀၀၀ မှာ Long Feiye ၏ ပိုက်ဆံအိတ်ထဲမှ ရောက်လာခြင်း ဖြစ်သည်။ ထို့အပြင် တော်ဝင်ဦးလေးအိမ်တော်မှာ ကျန်ငွေတစ်ဝက်အား မပေးချေရသေးပေ။ ငါတို့ကို ရန်ပုံငွေ အလွဲသုံးစား လုပ်တယ်လို့ စွပ်စွဲတယ်။ ဒါက ချင်ဝမ်ကို ပြောင်ပြောင်တင်းတင်း စော်ကားနေတာပဲ မဟုတ်ဘူးလား။ အဲ့တာက သူတို့ရဲ့ ငွေချောင်း ၁,၂၀၀,၀၀၀ ဆုံးရှုံးမှုအတွက် တန်လို့လား။ Han Yunxi မှာ အာရုံစိုက်ပေးမှုအား ဂုဏ်ယူရမည်လား ကံဆိုးမှုဟု ခံစားသင့်လား မသိတော့ပေ။

ကောင်းပြီ။ သူမက Long Feiye အား အကောင်းမြင်တတ်စွာ ပြုံးပြလိုက်ရင်း အဆုံးသတ်သွားတော့သည်။ “ဝမ်ရယ် ချန်ချီက တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးတဲ့ ဆိုးသွမ်းတဲ့ မိန်းမဖြစ်နေပြီ ထင်တယ်။"

Long Feiye မှာ သူမအား အေးစက်စွာ ကြည့်လိုက်ပြီး လူထုအမြင်အပေါ်သို့ သူ၏ အထင်သေးမှုအား ပြသလာသည်။ Han Yunxi ၏ လက်ကောက်ဝတ်မှ လက်ကောက်တစ်ကွင်းပင်လျှင် တိုင်းပြည်တစ်ပြည်၏ ကြွယ်ဝမှုဖြင့် ညီမျှနေသည်။ ငွေချောင်း ၁,၂၀၀,၀၀၀ လောက်က Han Yunxi ကို ခေါ်သွားပြီး ပျော်ပါးဖို့ လုံလောက်မှာလား။ အပုတ်ချသတင်းလွှင့်တဲ့ တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ ငွေရေးကြေးရေး အရင်းအမြစ်ကို အကြီးအကျယ် အထင်သေးလွန်းနေတာ ထင်ရှားနေတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now