အခန်း(၂၅၅)

89 17 0
                                    

အခန်း(၂၅၅)

တစ်ယောက်ယောက် အရင်ရောက်နေတယ်။






စိတ်ကူးလိပ်ပြာအိပ်မက်။

၎င်းမှာ ထောင်သောင်းမကသော အရာဝတ္ထုများအား အငွေ့ပျံသွားစေနိုင်သည့် အဆိပ်ဖြစ်သည်။ သူတို့၏ ရှေ့ရှိတံခါးအား ဘေးဖယ်ထားလိုက်လျှင်ပင် အထဲရှိ အဆိပ်သားရဲပင်လျှင် ထိုအဆိပ်အတောက်၏ အောက်တွင် အငွေ့ပျံသွားနိုင်သည်။ Long Feiye မှာ စိတ်ကူးလိပ်ပြာအိပ်မက်အား သူမထံပေးခဲ့ပြီး သူမအား မည်သည့်မေးခွန်းမှ မမေးရန်သာ ပြောခဲ့သည်။ သို့တိုင် အခြားသူများအား ပြောဆိုခြင်း မပြုရန် မည်သည့်အခါကမှ မပြောခဲ့ပေ။ သူ၏ သတိပေးသောအကြည့်များမှာ Tang Li အား စိတ်ကူးလိပ်ပြာအိပ်မက်အား သတိရသွားစေသည်။ ထိုပစ္စည်းမှာ Long Feiye ၏ ဘဝတစ်ခုလုံးအား အဆုံးအဖြတ်ပေးနိုင်သော ပစ္စည်းဖြစ်သည်။ ၎င်းမှာ သူ့အတွက် အရေးကြီးလွန်းသည်။ စိတ်ကူးလိပ်ပြာအိပ်မက်မှာ ယခုတွင် Han Yunxi ၏ အင်္ကျီလက်ထဲတွင် ရှိနေသည်။ သူမက အဲ့တာကို ထုတ်ဖို့ စဉ်းစားနေတာလား။

“အဆိပ်ကောင်မလေး.. မင်းမှာ ဘာအကြံရှိလို့လဲ။" Gu Qishao မှာ စောင့်မျှော်နေသည်။ သူက ထိုအမျိုးသမီး၏ အံ့အားသင့်စရာများအား နှစ်သက်သည်။ အဖြူဝတ်အမျိုးသားမှာ သွေးစုပ်ယူသွားသည့် နံရံအား ကြည့်လိုက်ပြီး Han Yunxi အား ကြည့်လိုက်သည်။ သူက စိုးရိန်ပူပန်နေသော်လည်း သူ့ကိုယ်သူ စောင့်ကြည့်နေရန် ဖိအားပေးလိုက်သည်။ သူက ထိုအမျိုးသမီး၏ ဇာတ်မြစ်အား သိရှိနိုင်ရန်အတွက် ဤနေရာအထိ ရောက်လာစေရန် အတော်လေး အားထုတ်ခဲ့ရသည်။ သူက နောက်ဆုံးကြိုးစားမှု မကျရှုံးခင် နောက်ဆုံးခြင်းတောင်းအား မှောက်သွားစေလိုခြင်း မရှိပေ။ ဤနေရာတွင် ရှိနေသူများတွင် တစ်ယောက်မှ သာမာန် မဟုတ်ပဲ စူးရှသောအမြင်များ ရှိကြသည်။ Han Yunxi မှာ ထိုနံရံအား ပျော်စေနိုင်ရန် နည်းလမ်းရှိမည်ဟု သူက မထင်မှတ်ထားပေ။ ထုံးကျောက်လိုဏ်ဂူတစ်ခုလုံး ပြိုမကျခင် အချိန်ရှိသေးသဖြင့် သူက အချိန်ဆွဲနိုင်သေးသည်။

“ကောင်းတာ တစ်ခုခုပေါ့။" Han Yunxi မှာ Gu Qishao အား ပြုံးရင်းကြည့်ကာ ဆေးအိတ်လေးအား ကိုင်လိုက်သည်။ ထိုအချိန်တွင်တော့ Tang Li မှာ မထိန်းချုပ်နိုင်ပဲ အော်လိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now