အခန်း(၃၅၉)

75 13 0
                                    

အခန်း(၃၅၉)

ဒီထက်ပိုပြီး ဝမ်းနည်းစရာကောင်းတာရှိဦးမလား။








ထျန်းနင်တော်ဝင်မျိုးနွယ်တွင် မင်္ဂလာအခမ်းအနား နှစ်မျိုးရှိလေသည်။ တစ်မျိုးမှာ ဧကရာဇ်မှ ဧကရီ ခန့်အပ်ခြင်း သို့မဟုတ် အိမ်ရှေ့စံမှ ကြင်ယာတော်မင်းသမီး ခန့်အပ်ခြင်းကဲ့သို့ တိုင်းပြည်အဆင့် ပွဲများဖြစ်သည်။ တိုင်းပြည်နှစ်ပြည်မှ ဆက်ဆံရေးခိုင်မြဲစေရန် ထိမ်းမြားမှုများမှာလည်း ထိုအခြေအနေအောက်တွင် ရှိလေသည်။ နောက်တစ်မျိုးမှာ တော်ဝင်မျိုးနွယ်တွင်း ထိမ်းမြားခြင်းဖြစ်သည်။ ၎င်းတွင် ကြီးကျယ်သော အခမ်းအနား မပါဝင်ပဲ မိသားစု၏ အကြီးအကဲများရှေ့တွင် ထုံးတမ်းအတိုင်း ထိမ်းမြားခြင်း ဖြစ်သည်။

Han Yunxi နှင့် Long Feiye တို့မှ အရှေ့နန်းဆောင်သို့ ရောက်သွားချိန်တွင် ဧကရာဇ် Taihui၊  မယ်တော်ကြီးလီနှင့် Qinwang Rong တို့မှာ ရောက်ရှိနေပြီ ဖြစ်သည်။ တော်ဝင်မျိုးနွယ်မှ လူတိုင်းမှာ မိဘနှင့် အကြီးအကဲများအား ရိုးရာအတိုင်း မင်္ဂလာကန်တော့ဦးညွှတ်ရန် လိုအပ်သည်။ အိမ်ရှေ့စံတွင် အဆင့်အတန်းရှိသော်လည်း အာဏာပိုင်စိုးသူ မဟုတ်သေးပေ။ Long Feiye နှင့် Qinwang Rong တို့မှာ သူ့ထက် အဆင့်မြင့်သော အကြီးအကဲများဟု ယူဆနိုင်သည်။ ခန်းမထဲတွင် ဧကရာဇ် Taihui နှင့် မယ်တော်ကြီးမှာ ဂုဏ်သရေရှိ ထိုင်ခုံတွင် ထိုင်နေစဉ် Qinwang Rong မှာ သူတို့၏ ဘယ်ဘက်တွင် ထိုင်နေသည်။ ညာဘက်ရှိနေရာမှာ Long Feiye နှင့် Han Yunxi တို့အတွက် ဖြစ်လေသည်။

Han Yunxi မှာ အခန်းထဲဝင်လိုက်သည်နှင့် ဧကရာဇ် Taihui နှင့် မယ်တော်ကြီး၏ သေစေမတတ် အကြည့်များအား ခံစားလိုက်ရသည်။ သူတို့၏ နေရာမှာ မည်သူမဆို လေလံပွဲရလဒ်၏ နာကျင်မှုကြောင့် စိတ်ဆိုးဒေါသထွက်နေနိုင်သည်။ Han Yunxi မှာ သူတို့၏ ခံစားချက်များအား နားလည်သောကြောင့် ရိုးရှင်းစွာပင် သူမက ရရှိထားသော ငွေချောင်းများ မျက်နှာဖြင့် လျစ်လျူရှုလိုက်လေသည်။ သူတို့က တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် တိုက်ခိုက်နေနိုင်သော်လည်း မျက်နှာချင်းဆိုင်ရာတွင် ကန့်သတ်ရမည်များ ရှိနေသေးသည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံများမှာ ပါးနပ်စွာဖြင့် မျက်နှာဖုံးတပ်ထားရဆဲ ဖြစ်သည်။ ထုံးတမ်းအတိုင်း အကြိမ်အနည်းငယ် ဦးညွှတ်ပြီးနောက် ဧကရာဇ် Taihui မှာ သူတို့အား ထိုင်ရန် ဖိတ်ကြားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now