အခန်း(၂၁၈)

78 14 0
                                    

အခန်း(၂၁၈)

တစ်ဖက်ကို စိတ်ဆိုးစေအောင် ခြေထောက်နင်းပေးလိုက်မယ်။







Leng Shuang Shuang  မှာ Long Feiye  အား အချိန်အတော်ကြာ နှစ်သက်နေခဲ့ပြီး  သေချာစွာပင် သူမက Han Yunxi အား စုံစမ်းမှု ပြုလုပ်ထားသည်။ Han Yunxi  မှာ အဆိပ်ပညာထက်မြက်မှန်း သူမက သိနေသော်လည်း လုပ်ကြံရေးလက်နက်များ အသုံးပြုနိုင်လိမ့်မည်ဟု မထင်မှတ်ထားပေ။ သူမက ထိုအချက်အား သတိပြုမိချိန်တွင် နောက်ကျသွားပြီဖြစ်သည်။ သူမ၏ ညာလက်မှာ အားအင်များ ပျောက်ဆုံးသွားပြီး ဓါးမှာ မြေပြင်သို့ လွတ်ကျသွားတော့သည်။ ၎င်းမှာ အပ်များတွင် အဆိပ်ရှိနေကြောင်း ထင်ရှားလှသည်။ သို့တိုင် လုပ်ကြံသူမိသားစုတစ်စု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အန္တရယ်နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ မျက်နှာမှာ သစ္စာဖောက်ကာ ကြောက်ရွံ့မှုအား ပြသလာခြင်း မရှိပေ။ သူမက ခြေထောက်ဖြင့် ဓါးအား ပင့်လိုက်ပြီး ဘယ်လက်ဖြင့် ကိုင်ကာ တစ်ဖက်လူအား ထိုးစိုက်လိုက်သည်။ “ Han Yunxi နင်က အဲ့ဒီလောက် အောက်တန်းကျလိမ့်မယ်လို့ ငါက မထင်ထားဘူး။"

Han Yunxi မှာ ခေါင်းငုံ့ကာ ရှောင်လိုက်ရင်း နောက်ထပ် အပ်များ ပစ်လွှတ်လိုက်ပြီး သူမနှင့် Leng Shuang Shuang ကြားရှိ အကွာအဝေးအား အခွင့်အရေးယူကာ တိုးမြှင့်လိုက်ရင်း လှောင်ပြောင်လိုက်သည်။ “ နင်တို့က ဆယ်ယောက်တစ်ယောက်နဲ့ အရင်ရောက်လာတာလေ။ နင်က အောက်တန်းကျရုံတင်မကဘူး အရှက်ပါ မရှိတာ…”

“အဓိပ္ပါယ်မရှိတာတွေကို ပိတ်ထားလိုက်.. ငါ့ရဲ့ ဓါးနဲ့ တွေ့ကြည့်လိုက်။"

သူမ ညာလက်ရှိ ထုံကျင်နေသော ခံစားမှုမှာ ရပ်မနေပဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။ Leng Shuang Shuang  မှာ မည်သည့် အဆိပ်မှန်း မသိသော်လည်း သူမက အံကြိတ်ကာ ရှေ့ဆက်တိုးလာသည်။ အကယ်၍ သူမက အဆိပ်မိနေလျှင်ပင် လဲကျမသွားခင် Han Yunxi အား ကိုင်တွယ်နိုင်သေးသည်။ သူမ၏ ဓါးသွားမှာ အေးစက်ကြမ်းတမ်းသော အငွေ့အသက်များဖြင့် အပ်များအား ရိုက်ထုတ်လိုက်ပြီး Han Yunxi ၏ မျက်နှာအား အကြိမ်များစွာ ထိုးစိုက်လိုက်သည်။ အနည်းငယ်သော အကွာအဝေး ကွာခြားချက်ကပင် Han Yunxi ၏ မျက်နှာအား အဆုံးသတ်သွားစေနိုင်သည်။ Han Yunxi မှာ Leng Shuang Shuang ၏ လုံ့လအား တိတ်ဆိတ်စွာ အသိအမှတ်ပြုလိုက်ပြီး မျက်မှောင်ကျုတ်ကာ ကူညီသတိပေးလိုက်သည်။ “ စတုတ္ထသခင်မလေးLeng မင်းကိုယ်ထဲက အဆိပ်ကို မသိချင်ဘူးလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now