အခန်း(၃၅၅)
ချင်ဝမ်က အဆိုးဆုံးပဲ (၁)
အရောင်းအဝယ်အား မည်သူမှ စိတ်မဝင်စားတော့ပေ။ တတိယပစ္စည်းမှာ ရှားပါးသည်ဟု ဆိုနိုင်သော်လည်း ဒေးလီလီပန်းပင်စည်သာ ဖြစ်သည်။ သူတို့က လေလံဈေးအား ပို၍ စိတ်ဝင်စားနေသည်။
“၁၅၀,၀၀၀.. အခြားသူများ ရှိသေးပါလား။" Zhao မားမားမှာ နောက်တစ်ကြိမ် အော်လိုက်သည်။ တစ်ခန်းလုံးမှာလည်း တိတ်ဆိတ်နေသည်။ မည်သူမှ နောက်ထပ် ဈေးပြိုင်ပေးတော့မည့်ဟန် မတူပေ။ အိမ်ရှေ့စံမှာ ရှေ့မှ ပစ္စည်းနှစ်မျိုးမှ တစ်ခုစီအတွက် ငွေချောင်း ၂၀၀,၀၀၀ စီ သုံးခဲ့ကာ နောက်ဆုံးပစ္စည်းအတွက် ၁၅၀,၀၀၀ သုံးလိုက်သည်။ သူ၏ ပြည့်စုံစွာ တည်ငြိမ်နေသော မျက်နှာနှင့် ထိုင်နေဟန်မှာ လူတိုင်းအား လေးစားစွာ ခံစားမှု မျိုးစုံဖြင့် သက်ပြင်းချစေသည်။ အိမ်ရှေ့စံနှင့် တော်ဝင်ဦးလေး အိမ်တော်မှာ အလွန်အမင်း ကြွယ်ဝလိမ့်မည်ဟု သူတို့က မထင်မှတ်ထားပေ။ အဆုံးတွင် ဤကဲ့သို့ လေလံပွဲမှာ လက်ငင်းငွေချေရခြင်း ဖြစ်သည်။
၎င်းမှာ မည်ကဲ့သို့ အဓိပ္ပါယ်ဖြစ်နိုင်မည်နည်း။ လက်ငင်းငွေသား!!! သူတို့က ပုဂ္ဂလိကဘဏ်များတွင် ငွေသားချက်ချင်း ပြောင်းလဲနိုင်သော ငွေကြမ်းများ သို့မဟုတ် တစ်ခါတည်း အသုံးပြုနိုင်သော ရွှေကတ်များဖြစ်နိုင်သည်။ ကမ္ဘာပေါ်တွင် လူချမ်းသာ နှစ်မျိုးရှိသည်။ တစ်မျိုးမှာ လက်ထဲတွင် ငွေသားမရှိပဲ ကြွယ်ဝသော ပိုင်ဆိုင်မှုများ၊ မြေယာများ၊ လုပ်ငန်းများနှင့် သီးသန့် စုဆောင်းထားမှုဖြင့် လူများဖြစ်သည်။ ထိုသူမျိုးမှာ ပိုင်ဆိုင်မှုများအား ငွေသားအဖြစ် အသုံးပြုရန် အချိန်အနည်းငယ်လိုအပ်သည်။ အခြားတစ်မျိုးမှာ ငွေအား ရေကဲ့သို့ သုံးနိုင်ကာ စိတ်တိုင်းကျ ရွှေနှင့်ငွေအား ကြွားဝါနိုင်သူ ဖြစ်သည်။ နောက်တစ်မျိုးမှာ အလွန် ထင်ပေါ်လှသည်။
အကယ်၍ အိမ်ရှေ့စံမှာ တတိယပစ္စည်းအားပါ ရရှိသွားလျှင် သူက စုစုပေါင်း ငွေချောင်း ၅၅၀,၀၀၀ သုံးစွဲလိုက်ခြင်းပင်။ ၎င်းမှာ သေးငယ်သော ပမာဏ မဟုတ်ပေ။ Zhaoမားမားမှာ နှစ်ကြိမ်တိုင် ခေါ်ပြီး ဖြစ်သည်။ လေလံပွဲမှာ ပြီးဆုံးသွားပြီးဟု လူတိုင်းမှာ ယူဆလိုက်သော်လည်း စစ်သူကြီး Baili မှာ ပါးစပ်ဖွင့်လာသည်။