အခန်း(၂၄၇)

85 13 0
                                    

Warning::: claustrophobiaရှိသူတွေနဲ မြွေကြောက်တတ်သူများ သတိပြုပါနော်။
-----------------------

အခန်း(၂၄၇)

ရန်ကြွေးဆပ်ခြင်း။ သက်ညှာမှုမရှိ သတ်ဖြတ်ခြင်း။


Han Yunxi မှာ လမ်းတစ်လျှောက်လုံး အဖြူဝတ်အမျိုးသားနောက်မှ လိုက်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူမ၏ အဆိပ်ဖြေစနစ်မှာ မရေမတွက်နိုင်သည့် အဆိပ်အမျိုးအစားများစွာအား အချက်ပြခဲ့သော်လည်း အဖြူဝတ်အမျိုးသားမှာ ကြိုတင်ရှောင်လွှဲနိုင်ပြီးသား ဖြစ်သည်။ လမ်းတစ်လျှောက်လုံးတွင် သူတို့က ဟိုမှသည် ကွေ့ပတ်လာရင်း မရေမတွက်နိုင်သော လျှို့ဝှက်တံခါးများလည်း ဖွင့်ခဲ့သည်။ အဖြူဝတ်အမျိုးသားမှာ လမ်းသိထားခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။ 

ဒီအမျိုးသားက ဘယ်လို မြင့်မြတ်တဲ့အနွယ်ဝင်လဲ။ သူက ဆေးပညာသင်တန်းကျောင်းကလား ဒါမှမဟုတ် အဆိပ်ဂိုဏ်းက ကျန်ရစ်သူတစ်ယောက်များ ဖြစ်နေနိုင်မလား။ ကောလဟာလများအရ ဆေးမြို့တော်တွင် အဆိပ်ဂိုဏ်းမှ ကျန်ရစ်သူ အရိပ်အယောင်များ ရှိနေသေးသည်။

သူမကို ကောင်းကင်တွင်းနက်ထဲ ခေါ်လာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Han Yunxi မှာ သူနှင့် ချောချောမွေ့မွေ့ ရှိနေသော်လည်း Gu Qishao နှင့် သူ၏ မြေပုံမှာမူ ဒုက္ခများ အဆုံးမရှိတော့ပေ။ သူတို့က မြေပုံရှိနေသောကြောင့် အလွန်အမင်း ပေါ့ဆမိသွားသည်။ Gu Qishao ၏ မြင့်မားလှသော အဆိပ်စွမ်းရည်နှင့် Mu Linger ၏ အဆိပ်ပိုးသတ်ဆေးကြောင့် သာမဟုတ်လျှင် နှစ်ယောက်သားမှာ ယခုအချိန်တွင် သေဆုံးသွားရလောက်ပြီ ဖြစ်သည်။ လက်ရှိတွင် သူတို့က ကြီးမားလှသော မြွေဟောက်အုပ်ကြီးထဲမှ လွတ်မြောက်လာရခြင်းဖြစ်သည်။ Gu Qishao ​၏ ညာလက်မောင်းမှာ အကိုက်မခံထားရသည့် နေရာ မရှိတော့ပေ။  သူ၏ ကျော့မော့သော အနီရောင်ဝတ်စုံတွင် ကြောက်မက်ဖွယ် သွေးနံ့များဖြင့် သွေးများ စိုရွဲနေသည်။ Mu Linger မှာလည်း ကောင်းမွန်သော ပုံစံမရှိတော့ချေ။ သူမ၏ နောက်ကျောတွင် အကြိမ်များစွာ ကိုက်ခဲခြင်း ခံထားရပြီး သွေးများ ရွဲနစ်နေသည်။ သူမ အဝတ်အစား၏ မူလအရောင်အား ပြောနိုင်ရန်ပင် မဖြစ်နိုင်တော့ချေ။ သူမ၏ ကိုယ်ခံပညာမှာ ကိုယ့်ကိုကိုယ် ကာကွယ်ရန် နိမ့်ကျလွန်းလှသည်။ Gu Qishao မှာ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ထိုကဲ့သို့ ကြောက်မက်ဖွယ်ထောင်ချောက်နှင့် ရင်ဆိုင်ရချိန်တွင် မတတ်နိုင်တော့ချေ။ အဆုံးတွင် ထိုထောင်ချောက်များမှာ အဆိပ်ဂိုဏ်းရှိနေစဉ်က ထားရှိခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ အဆိပ်များအားလုံးမှာ အဆိပ်ဂိုဏ်းမှလာသောကြောင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်မှန်း ခန့်မှန်းနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now